နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘဏ္ဍာရေးဆိုင်ရာကော်မရှင် (၁/၂၀၂၃) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

     ဘဏ္ဍာရေးဆိုင်ရာကော်မရှင် (၁/၂၀၂၃) အစည်းအဝေးကို မတ်လ ၂၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင်-

  • ယခုကျင်းပသည့် အစည်းအဝေးသည် “၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း” “ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း တို့ကို ဆွေးနွေးအတည်ပြုကြရန်ဖြစ်ကြောင်း။
  • နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် ၄ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် ဝန်ကြီးဌာနအသီးသီးက ကဏ္ဍအလိုက်၊ ဒေသအလိုက် ဦးစားပေးအသုံးစရိတ်များ သတ်မှတ်သုံးစွဲကြရမည်ဖြစ်ကြောင်း။
  • ကြွေးမြီဆိုင်ရာ အသုံးစရိတ်များနှင့်စပ်လျဉ်းပြီး နိုင်ငံတော်ကရယူထားသည့် ပြည်ပချေးငွေများ ပြန်လည်ပေးဆပ်ရာတွင် မိမိတို့အနေဖြင့် တာဝန်သိနိုင်ငံအဖြစ် ခံယူရပ်တည်ပြီး အချိန်စေ့ရောက်သည့် အရင်းအတိုးများကို သူ့အချိန်နှင့်သူ ပေးဆပ်နိုင်ရန် ဦးစားပေးထည့်သွင်းလျာထားခွင့်ပြုထားကြောင်း။
  • နိုင်ငံတော်တွင် အဓိကလိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသုံးစရိတ်များ၊ အားကစား၊ သာသနာရေးနှင့် ယဉ်ကျေးမှု စသည့်အသုံးစရိတ်များကိုလည်း လိုအပ်ချက်နှင့်အညီ နိုင်ငံတော်က ခွင့်ပြုပေးလျက်ရှိကြောင်း။
  • မိမိတို့အစိုးရအနေဖြင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုကို ပွင့်လင်းမြင်သာစွာဖြင့် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး အသုံး စရိတ်များသုံးစွဲရာတွင် ဘဏ္ဍာရေး စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်ရေး၊ တင်ဒါစည်းမျဉ်းစည်းကမ်းများ လိုက်နာရေး၊ စာရင်းစစ်ဆေးမှုခံယူရေး စသည်တို့ကိုလည်း အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့။

         ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြည်ထောင်စုမှ ထောက်ပံ့သည့်ငွေများကို နှစ်လတ်ဘဏ္ဍာရေးမူဘောင်တည်ဆောက်၍ လူမှုစီးပွားရေးအခြေပြု ညွှန်းကိန်း(၆)ခုကို အသုံးပြုပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အချိုးကျမျှတမှုရှိစေရန် နှစ်စဉ်ခွဲဝေလျာထားပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

      ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အတွင်းရေးမှူး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကိုလည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရ/အသုံးဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များ၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုပြင်လိုက်နာ ဆောင်ရွက်သွားရမည့်အချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားရာတွင်-

  • ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာကော် မရှင်၏ ထောက်ခံချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်အတွက် ရငွေများဖြစ်သည့် အခွန်အကောက်မှရရှိငွေများကို တည်ဆဲအခွန်အကောက်ဆိုင်ရာ ဥပဒေများနှင့်အညီ အပြည့်အဝ ကောက်ခံရရှိနိုင်အောင်နှင့် အခွန်အကောက်မဟုတ်သောရငွေများဖြစ်သည့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဝင်ငွေများတိုးတက်လာစေရန်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများက အထူးကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း။
  • တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေး တာဝန်အဖြစ်ခံယူပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်ရေး၊ သွင်းကုန်တင်သွင်းသည့် နိုင်ငံအဖြစ်မှ ပို့ကုန်တင်ပို့သည့် နိုင်ငံဖြစ်လာစေရေး၊ ပြည်တွင်းစားသုံး ဆီဖူလုံရေး၊ ပြည်သူတို့၏ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာရေး၊ တစ်ဦးချင်းဝင်ငွေများ မြင့်တက်လာရေးတို့အတွက် ဌာန၊ အဖွဲ့အစည်းအားလုံး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း။
  • ယခင်က ပြည်တွင်းကုန်ထုတ်လုပ်မှုနည်းပါးပြီး ပြည်တွင်းသုံးစွဲမှု မလုံလောက်သည့်အတွက် ပြည်ပမှ သွင်းကုန်တင်သွင်းမှုကိုသာ အားထားဆောင်ရွက်ခဲ့ရသဖြင့် ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့ကြောင်း။
  • ယခုအခါ မိမိတို့အစိုးရအနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး ရပ်တန့်ထားသည့် နိုင်ငံပိုင်စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးအတွက်ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း။
  • နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးသည်လည်း အရေး ကြီးသည့်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် သက်ဆိုင်သောအသုံးစရိတ်များကိုလည်း တိုးမြှင့်ပေးထားကြောင်း ပြောကြားခဲ့ပါသည်။

      အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အတွင်းရေးမှူး ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် ဒုတိယဝန်ကြီးများ တက် ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၃-၂၀၂၃)

 

  • နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် ၄ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်အတွက် ဝန်ကြီးဌာနအသီးသီးက ကဏ္ဍအလိုက်၊ ဒေသအလိုက် ဦးစားပေးအသုံးစရိတ်များ သတ်မှတ်သုံးစွဲကြရမည်ဖြစ်။
  • နိုင်ငံတော်တွင် အဓိကလိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသုံးစရိတ်များ၊ အားကစား၊ သာသနာရေးနှင့် ယဉ်ကျေးမှု စသည့်အသုံးစရိတ်များကိုလည်း လိုအပ်ချက်နှင့်အညီ နိုင်ငံတော်က ခွင့်ပြုပေးလျက်ရှိ။
  • နိုင်ငံတော်အတွက် ရငွေများဖြစ်သည့် အခွန်အကောက်မှရရှိငွေများကို တည်ဆဲအခွန်အကောက်ဆိုင်ရာ ဥပဒေများနှင့်အညီ အပြည့်အဝ ကောက်ခံရရှိနိုင်အောင်နှင့် အခွန်အကောက်မဟုတ်သောရငွေများဖြစ်သည့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဝင်ငွေများတိုးတက်လာစေရန်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများက အထူးကြိုးပမ်း ဆောင်ရွက်စေလို။
  • မိမိတို့အစိုးရအနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး ရပ်တန့်ထားသည့် နိုင်ငံပိုင်စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးအတွက်ကိုလည်း ဆောင်ရွက်လျက်ရှိ။

 

Add new comment