နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၃) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

         အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၃) အစည်းအဝေးကို မတ်လ ၂၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-         

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးသည့်နောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ဘဏ္ဍာရေးနှစ်ကာလပြောင်းလဲခဲ့ပြီး ကြားကာလ ၆ လ စီမံကိန်းနှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတို့ကို ရေးဆွဲအကောင်အထည်ဖော်ခဲ့ကြောင်း။
  • ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလမှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် စီးပွားရေးတိုးတက်မှုနှုန်း အနုတ်  ၅ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှ ကြားကာလ ၆ လစီမံကိန်း အကောင်အထည်ဖော်မှုတွင် ၂ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် စီမံကိန်းပထမ ၆ လ အကောင်အထည်ဖော်မှုတွင် ၃ ဒသမ ၄ ရာခိုင်နှုန်း ပြန်လည်တိုးတက်ရရှိလာသည်ကို တွေ့ရှိရကြောင်း။
  • ယခုဘဏ္ဍာရေးနှစ်ကုန်တွင် ယာယီခန့်မှန်းခြေစာရင်းအရ တစ်နှစ်လုံးအတွက် တိုးတက်မှုနှုန်း ၃ ဒသမ ၄ ရာခိုင်နှုန်းရရှိလာနိုင်သည်ဟု သက်ဆိုင်ရာဌာနများက ခန့်မှန်းထားကြောင်း။
  • ကျေးလက်အခြေခံစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် သမားရိုးကျဆောင်ရွက်နေသည့်ပုံစံမှ ခေတ်မီနည်း စနစ်များဖြင့် သွင်းအားစုများကို ထိရောက်စွာအသုံးပြုပြီး အထွက်တိုးအောင်ကြိုးစားကြရန်နှင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်ရေးကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်အနေဖြင့် နေရာဒေသမရွေး တစ်ဦးတစ်ယောက်မှ နောက်ကျမကျန်စေရေးအတွက် ပြည်သူဗဟိုပြုဖွံ့ဖြိုးမှုများကို ဆက် လက်တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
  • အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာနေသည့် ဆောင်ရွက်ဆဲရေအားလျှပ်စစ်စီမံကိန်းများ အမြန်ဆုံးပြီးစီးမှသာ လျှပ်စစ်လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း။
  • ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုများကိုလည်း သတ်မှတ်ချိန်အတိုင်း ပြီးမြောက်အောင်  ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။
  • ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်းအရေးကြီးသည့်အတွက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုများ တိုးတက်ရေးအတွက် အားပေးကူညီရမည်ဖြစ်ကြောင်း။
  • ကမ္ဘာ့နိုင်ငံအချို့တွင် စားနပ်ရိက္ခာမဖူလုံမှု၊ လောင်စာဆီပြတ်လပ်မှုစသည့် အခက်အခဲများဖြစ်ပေါ်လျက်ရှိသဖြင့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို နိုင်ငံတော်၏အမျိုးသားရေးရည်မှန်းချက်ပန်းတိုင်အဖြစ် ထားရှိဆောင်ရွက်နေခြင်းဖြစ် ကြောင်း။
  • လောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ရေးနှင့် ထိရောက်သည့် စွမ်းအင်သုံးစွဲမှုစနစ်ဖြစ်စေရေးကိုလည်း လမ်းညွှန်ထားပြီးဖြစ်သဖြင့် လမ်း ညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း။
  • လျှပ်စစ်မော်တော်ယာဉ်တင်သွင်းမှုနှင့် သုံးစွဲမှုများကို ရှေ့ပြေးစီမံချက်အနေဖြင့် စတင်အကောင်အထည်ဖော်လျက်ရှိရာ စီမံချက်ရေရှည်တည်တံ့ရေးနှင့် တိုးတက်မှုရရှိစေရေးကို ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်း။
  • ချမှတ်ထားသည့်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို အမြဲသုံးသပ်စိစစ်ပြီး လိုအပ်ချက်များကို ပြင်ဆင်ဆောင် ရွက်ခြင်း (Plan, Do, Check, Act- PDCA)ဆိုတဲ့အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို တက်ညီလက်ညီစိစစ်ပြီး ကြိုးပမ်းအကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း။
  • မိမိတို့မျှော်မှန်းထားသည့်ပန်းတိုင်ကို လျှောက်လှမ်းနိုင်ရန် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ အားလုံးက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် မှာကြားခဲ့ပါသည်။

         အမျိုးသားစီမံကိန်းကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • မိမိတို့အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းအကောင်အထည်ဖော်မှုအခြေအနေကို သုံးသပ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ကြိုတင်ပြင်ဆင်ရမည့် ကိစ္စရပ်များကို သေသေချာချာ စိစစ်သုံးသပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • လုပ်ငန်းစီမံကိန်းများကို ဆောင်ရွက်ရာတွင်လည်း ဖြစ်မြောက်နိုင်စွမ်းကို လေ့လာပြီး စီးပွားရေးအရ တွက်ခြေကိုက်မှုရှိစေရေးနှင့် ပြည်သူများအတွက် အကျိုးရှိစေရေးတို့ကို ဦးတည်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • မည်သည့်စီမံကိန်းကိုမဆို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထိရောက်သည့် ငွေကြေးသုံးစွဲမှုဖြစ်စေရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝစေရေး မှန်မှန်ကန်ကန် သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • ပြည်သူဗဟိုပြုလုပ်ငန်းများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ပြီး တိုင်းပြည်သာယာ ဝပြောရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

         အစည်းအဝေးသို့ အမျိုးသားစီမံကိန်းကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အမျိုးသားစီမံကိန်းကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် ဒုတိယဝန်ကြီးများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/ တိုင်းဦးစီးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၃-၂၀၂၃)

 

  • ယခုဘဏ္ဍာရေးနှစ်ကုန်တွင် ယာယီခန့်မှန်းခြေစာရင်းအရ တစ်နှစ်လုံးအတွက် တိုးတက်မှုနှုန်း ၃ ဒသမ ၄ ရာခိုင်နှုန်းရရှိလာနိုင်သည်ဟု သက်ဆိုင်ရာဌာနများက ခန့်မှန်းထား။
  • နိုင်ငံတော်အနေဖြင့် နေရာဒေသမရွေး တစ်ဦးတစ်ယောက်မှ နောက်ကျမကျန်စေရေးအတွက် ပြည်သူဗဟိုပြုဖွံ့ဖြိုးမှုများကို ဆက် လက်တိုးမြှင့်ဆောင်ရွက် ပေးသွားမည်ဖြစ်။
  • အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာနေသည့် ဆောင်ရွက်ဆဲရေအားလျှပ်စစ်စီမံကိန်းများ အမြန်ဆုံးပြီးစီးမှသာ လျှပ်စစ်လိုအပ်ချက်ကို အချိန်မီဖြည့် ဆည်းပေးနိုင်မည်ဖြစ်။
  • ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုများကိုလည်း သတ်မှတ်ချိန်အတိုင်း ပြီးမြောက်အောင်  ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်။
  • ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အရေးကြီးသည့်အတွက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုနှင့်ဝန် ဆောင်မှုများ တိုးတက်ရေးအတွက် အားပေးကူညီရမည်ဖြစ်။
  • လုပ်ငန်းစီမံကိန်းများကို ဆောင်ရွက်ရာတွင်လည်း ဖြစ်မြောက်နိုင်စွမ်းကို လေ့လာပြီး စီးပွားရေးအရ တွက်ခြေကိုက်မှုရှိစေရေးနှင့် ပြည်သူများအတွက် အကျိုးရှိစေရေးတို့ကို ဦးတည်ဆောင်ရွက်သွားရမည်ဖြစ်။
  • မည်သည့်စီမံကိန်းကိုမဆို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထိရောက်သည့် ငွေကြေးသုံးစွဲမှုဖြစ်စေရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝစေရေး မှန်မှန်ကန်ကန် သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • ပြည်သူဗဟိုပြုလုပ်ငန်းများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ပြီး တိုင်းပြည်သာယာဝပြောရေးကို ဆောင်ရွက်ရမည်ဖြစ်။

Add new comment