မတ်လ ၂၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း-ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ ညောင်ကုန်းတံတား ရှောင်ကွင်းလမ်း၌ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသောအဖွဲ့ကထောင်ထားသည့် ဒေသန္တရာကားမိုင်းအား ကျောက်ကြီးမြို့နေ ဒေသခံပြည်သူများလိုက် ပါလာသည့် မော်တော်ယာဉ်တစ်စီးမှ နင်းမိပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှာ နေရာတွင်သေဆုံး၍ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှာ မိုင်းစထိမှန်(စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါသည်။
အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထုအပေါ် အကြောက်တရားဖြင့် လွှမ်းမိုးလျက်ရှိပြီး စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများအပြင် ခရီးသွားယာဉ်များကိုပါ ပစ်မှတ်ထား၍ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်သေကြေနိုင်သည့် အကြမ်းဖက်မှုများအား ကျူးလွန်လျက်ရှိပါသည်။
အဆိုပါ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒဏ်ရာရရှိသူများအား ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၃-၂၀၂၃)
- KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသောအဖွဲ့က ထောင်ထားသည့် ဒေသန္တရကားမိုင်းအား ပြည်သူများလိုက်ပါလာသည့် မော်တော် ယာဉ်တစ်စီးမှ နင်းမိပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူ ၃ ဦးသေ၊ ၂ ဦးဒဏ်ရာရရှိ။
Add new comment