မြိုင်မြို့နယ်၊ သရက်ကွကျေးရွာအတွင်းသို့ PDF အကြမ်းဖက်သမားများက Drone ယာဉ် ၂ စီးဖြင့် Drop Bomb များ ဆင်ခြင်တုံတရားမဲ့စွာပစ်ချတိုက်ခိုက်

        မတ်လ ၂၀ ရက်တွင်  မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ သရက်ကွကျေးရွာအတွင်းသို့ PDF အကြမ်းဖက်သမားများက Drone ယာဉ် ၂ စီးဖြင့် Drop Bomb များဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း Drop Bomb ၁၅ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုကြောင့် ကျေးရွာရှိ ရွှေတောင်သာဘုရားစောင်းတန်းနှင့် လူနေအိမ်များ၏ အမိုးများ ဗုံးသီးစထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။

         PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်လျက်ရှိသော ကျေးရွာအတွင်းသို့ Drone ယာဉ်သုံး၍  Drop Bomb များ ဆင်ခြင်တုံတရားမဲ့စွာ ပစ်ချတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်များ များစွာပျက်စီးဆုံးရှုံးခဲ့ရပါသည်။ ထို့အတွက် ပြည်သူလူထုမှ ၎င်းတို့၏လုပ်ရပ်များအပေါ် လက်ခံနိုင်ခြင်းအလျဉ်းမရှိသည့်အပြင် အပြင်းအထန် ကန့်ကွက်ရှုတ်ချလျက်ရှိပါသည်။

         အဆိုပါ PDF အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ် ငန်းစဉ်များအား နေ့ညမပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၃-၂၀၂၃)

 

  • သရက်ကွကျေးရွာအတွင်းသို့ PDF အကြမ်းဖက်သမားများက Drone ယာဉ် ၂ စီး ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ဘုရားစောင်းတန်းနှင့်   အပြစ်မဲ့ပြည်သူများ၏ နေအိမ်အမိုးများ ပျက်စီးခဲ့။

Add new comment

Error | Infosheet

Error

The website encountered an unexpected error. Please try again later.

Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 383337439670750b9e3bde0.49648602 ) in lock_release_all() (line 269 of /home/admin/web/infosheet.org/public_html/mm/includes/lock.inc).