ပြည်ထောင်စုဝန်ကြီးများ ဗီယင်နာမြို့အခြေစိုက် ဩစတြီးယားနိုင်ငံဆိုင်ရာမြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ် Mr. Mag Philip Schonthal အား လက်ခံတွေ့ဆုံ

         နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့သည် ဗီယင်နာမြို့အခြေစိုက် သြစတြီးယားနိုင်ငံဆိုင်ရာ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် Mr. Mag Philip Schonthal ကို မတ်လ ၂၀ ရက်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံခဲ့ပါသည်။

  • နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုကို ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားခဲ့ပြီး မြန်မာ-ဩစတြီးယား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးအခွင့်အလမ်းများ၊ ဩစတြီးယား-မြန်မာအသင်း၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

  • အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုကို ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ အလေးထားဆွေးနွေးခဲ့။  

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၃-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးများ ဗီယင်နာမြို့အခြေစိုက် ဩစတြီးယားနိုင်ငံဆိုင်ရာ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ် Mr. Mag Philip Schonthal အား လက်ခံတွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများ၊ နိုင်ငံတကာအသိုက်အဝန်းနှင့်ပူးပေါင်းဆောင် ရွက်မှုများ၊ မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်ဆွေးနွေးခဲ့။  

 

Add new comment