နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၂၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ချင်းတွင်းခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

       တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များက ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင်-

  • နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားတို့ဖြင့် ရပ်တည်ဆောင်ရွက်ရပြီး မောင်းနှင်အားများအနက် စီးပွားရေးမောင်းနှင်အားသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျဆုံးဖြစ်ကာ တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုစေနိုင်ကြောင်း။
  • နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားတိုးတက်စေရေးနှင့် လူအများကို ကြီးပွားချမ်းသာစေမည့်လမ်းကြောင်းကို မြှင့်တင်ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို အဓိကထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • ဂျုံစိုက်ပျိုးမှုနှင့်ပတ်သက်၍ ဂျုံမျိုးကောင်းမျိုးသန့်များရရှိအောင် စိုက်ပျိုးရေးသုတေသနဌာန၊ ဂျုံစိုက်တောင်သူများနှင့် ဂျုံအသုံးပြုသူများ သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်၍ ဂျုံမျိုးကောင်းမျိုးသန့်များရရှိအောင် သုတေသနပြု ဆောင်ရွက်ကြရန် လိုကြောင်း။
  • စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ ပြည်တွင်းဈေးကွက်ကိုသာမက ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးအထိ မျှော်မှန်းစိုက်ပျိုးရန်လိုသကဲ့သို့ စိုက်ပျိုးမြေများကို အကျိုးရှိရှိ အသုံးချရန်လိုကြောင်း။
  • စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အရည်အသွေးပြည့်မီသည့် ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြစေလိုပြီး နိုင်ငံ တော်မှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
  • စစ်ကိုင်းတိုင်းဒေသကြီးသည် ဝါးထွက်ရှိမှုနှုန်း အမြင့်ဆုံးဖြစ်ပြီး ဝါးများကို အသုံးပြု၍ နိုင်ငံအတွက် လိုအပ်သည့် စက္ကူပျော့ဖတ်များကို ထုတ်လုပ်နိုင်မည်ဆိုပါက ဝင်ငွေပိုမိုရရှိမည်ဖြစ်ကြောင်း၊ စက္ကူစက်ရုံများတည်ဆောက်လိုပါကလည်း နိုင်ငံတော်အနေဖြင့် ခွင့်ပြုပေးမည်ဖြစ်ကြောင်း။
  • စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းဒေသတွင် ရာဘာထွက်ရှိပြီး မော်တော်ဆိုင်ကယ်တာယာများ၊ စက်ဘီးတာယာများနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်မည်ဆိုပါက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
  • စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဆောင်ရွက်ကြစေလိုကြောင်း။
  • မိမိတို့ဒေသနှင့် တိုင်းပြည်ကို အကျိုးဖြစ်ထွန်းစေနိုင်မည့်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသခံများအနေဖြင့် ဒေသနှင့်တိုင်းပြည်၏ အကျိုးကိုကြည့်၍ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။
  • နိုင်ငံတော်အတွက် အကျိုးရှိစေမည့်စီမံကိန်းများ အောင်မြင်မှုမရှိစေရေး နိုင်ငံရေး အမြတ်ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများကို မိမိတို့၏ ကိုယ်ပိုင်ဆင်ခြင်တုံတရားဖြင့် စဉ်းစားဆုံးဖြတ်ကြစေလိုကြောင်း။
  • မိမိ၏မူဝါဒမှာ ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းပင်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများ လွှဲအပ်ပေးထားပြီးဖြစ်သဖြင့် စနစ်တကျ အကျိုးရှိစွာအသုံးချရန်လိုကြောင်း။
  • မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုပြီး ယခုကဲ့သို့ ဆောင်ရွက်နေခြင်းသည် နိုင်ငံရေးဆောင် ရွက်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့။

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများကို ပေးအပ်ကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီးနောက် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၃-၂၀၂၃)

 

  • နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားတိုးတက်စေရေးနှင့် လူအများကို ကြီးပွားချမ်းသာစေမည့်လမ်းကြောင်းကို မြှင့်တင် ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကို အဓိကထားဆောင်ရွက်ရမည်ဖြစ်။
  • စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အရည်အသွေးပြည့်မီသည့် ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြစေလိုပြီး နိုင်ငံတော်မှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်။
  • မိမိတို့ဒေသနှင့် တိုင်းပြည်ကို အကျိုးဖြစ်ထွန်းစေနိုင်မည့်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသခံများအနေ ဖြင့် ဒေသနှင့်တိုင်းပြည်၏အကျိုးကိုကြည့်၍ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလို။
  • နိုင်ငံတော်အတွက် အကျိုးရှိစေမည့်စီမံကိန်းများ အောင်မြင်မှုမရှိစေရေး နိုင်ငံရေး အမြတ်ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများကို မိမိတို့၏ ကိုယ်ပိုင်ဆင်ခြင်တုံတရားဖြင့် စဉ်းစားဆုံးဖြတ်ကြစေလို။
  • မိမိ၏ မူဝါဒမှာ ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းပင်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများ လွှဲအပ်ပေးထားပြီးဖြစ်သဖြင့် စနစ်တကျ အကျိုးရှိစွာအသုံးချရန်လို။

Add new comment