၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှုအခြေအနေ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်တွင် စတင်ကျင်းပခဲ့ရာ-

  • မတ်လ ၁၃ ရက်၊ စာမေးပွဲစတုတ္ထနေ့တွင် နိုင်ငံခြားစာစစ်ဌာန ၅ ခုနှင့် ပြည်တွင်းရှိ မြို့နယ် ၃၀၉ မြို့နယ်တွင် စာစစ်ဌာန ၈၃၈ ခု၊ စာစစ်ဌာန စုစုပေါင်း ၈၄၃ ခု ဖွင့်လှစ်ခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၃၅,၅၉၂ ဦးရှိပြီး တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဓာတုဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၂,၅၆၈ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်းအနေဖြင့်  ၉၀.၃၉ ရာခိုင်နှုန်း ရှိခဲ့။

  • မတ်လ ၁၄ ရက်၊ စာမေးပွဲပဥ္စမနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရူပဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၂,၅၄၄ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်းအနေဖြင့် ၉၀.၃၈ ရာခိုင်နှုန်းရှိခဲ့။

  • မတ်လ ၁၅ ရက်၊ စာမေးပွဲဆဋ္ဌမနေ့တွင် နိုင်ငံခြားစာစစ်ဌာန ၃ ခုနှင့် ပြည်တွင်း စာစစ်ဌာန ၇၅၆ ခု၊ စာစစ်ဌာန စုစုပေါင်း ၇၅၉ ခု ဖွင့်လှစ်ခဲ့ရာ သိပ္ပံဘာသာတွဲ ဇီဝဗေဒဘာသာရပ်ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၄၇,၄၃၆ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၄၃,၇၇၂ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်းအနေဖြင့် ၉၂.၂၈ ရာခိုင်နှုန်းရှိခဲ့။

  • မတ်လ ၁၅ ရက်၊ စာမေးပွဲဆဋ္ဌမနေ့တွင် နိုင်ငံခြားစာစစ်ဌာန ၃ ခုနှင့် ပြည်တွင်းစာစစ်ဌာန ၈၅၆ ခု၊ စာစစ်ဌာန စုစုပေါင်း ၈၅၉ ခု ဖွင့်လှစ်ခဲ့ရာ ဝိဇ္ဇာဘာသာတွဲ ဘောဂဗေဒဘာသာရပ်ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၃၁,၆၁၄  ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၇,၀၀၁ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်းအနေဖြင့် ၈၈.၉၀ ရာခိုင်နှုန်းရှိခဲ့။

  • မတ်လ ၁၆ ရက်၊ စာမေးပွဲသတ္တမနေ့တွင် နိုင်ငံခြားစာစစ်ဌာန ၁ ခုနှင့် ပြည်တွင်းစာစစ်ဌာန ၇၇၈ ခု၊ စာစစ်ဌာန စုစုပေါင်း ၇၇၉ ခု ဖွင့်လှစ်ခဲ့ရာ ပထဝီဝင်ဘာသာရပ်ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၄၄,၉၄၄  ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၃၉,၆၁၇ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်းအနေဖြင့် ၈၈.၁၅ ရာခိုင်နှုန်းရှိခဲ့။

  • မတ်လ ၁၇ ရက်၊ စာမေးပွဲ အဋ္ဌမနေ့တွင် နိုင်ငံခြားစာစစ်ဌာန ၁ ခုနှင့် ပြည်တွင်းစာစစ်ဌာန ၇၇၇ ခု၊ စာစစ်ဌာန စုစုပေါင်း ၇၇၈ ခု ဖွင့်လှစ်ခဲ့ရာ သမိုင်းဘာသာရပ်ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၄၄,၃၅၄ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၃၉,၀၄၃ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်းအနေဖြင့် ၈၈.၀၃ ရာခိုင်နှုန်းရှိခဲ့။

  • မတ်လ ၁၈ ရက်၊ စာမေးပွဲနဝမနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိတ်ကြိုက်မြန်မာစာဘာသာရပ်ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၂ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်းအနေဖြင့် ၁၀၀ ရာခိုင်နှုန်းရှိခဲ့။

     ကျောင်းသား၊ ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

       ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေး အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက  စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၃-၂၀၂၃)

 

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်-

  • ဓာတုဗေဒဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၂,၅၆၈ ဦးရှိကာ ၉၀.၃၉ ရာခိုင်နှုန်းရှိခဲ့။

  • ရူပဗေဒဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၂,၅၄၄ ဦးရှိကာ ၉၀.၃၈ ရာခိုင်နှုန်းရှိခဲ့။

  • သိပ္ပံဘာသာတွဲ ဇီဝဗေဒဘာသာရပ်ဖြေဆိုရန် လာရောက်ဖြေဆိုသူ စုစုပေါင်း ၄၃,၇၇၂ ဦးရှိကာ ၉၂.၂၈ ရာခိုင်နှုန်းရှိခဲ့။

  • ဝိဇ္ဇာဘာသာတွဲ ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၇,၀၀၁ ဦးရှိကာ ၈၈.၉၀ ရာခိုင်နှုန်းရှိခဲ့။

  • ပထဝီဝင်ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၃၉,၆၁၇ ဦးရှိကာ ၈၈.၁၅ ရာခိုင်နှုန်းရှိခဲ့။

  • သမိုင်းဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၃၉,၀၄၃ ဦးရှိကာ ၈၈.၀၃ ရာခိုင်နှုန်းရှိခဲ့။

  • စိတ်ကြိုက်မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂ ဦးရှိကာ ၁၀၀ ရာခိုင်နှုန်းရှိခဲ့။

Add new comment