နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားတက်ရောက်

        (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ပြည်နယ်ဂုဏ် ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ ၁၉ ရက်တွင် မော်လမြိုင်မြို့၊ မောရဝတီပန်းခြံ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

       မွန်ပြည်နယ်နေ့ အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ် (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဖတ်ကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင် ထူးချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများက ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

      ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မွန်ပြည်နယ်အတွင်းရှိကျေးရွာများ မီးလင်းရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဆိုလာအစုံ ၁၀၀ ကိုလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စက်ရေတွင်း ၃ တွင်း တူးဖော်ရန်အတွက် ထောက်ပံ့ငွေကျပ်သိန်း ၃၆၀ ကိုလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပါသည်။ ဒုတိယဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြသည့် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များကို ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

       ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် အရှေ့ တောင်တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ အရာရှိ၊ စစ်သည်မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားပြီး တပ်နယ်မိသားစုများကို ထောက်ပံ့ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်းနှင့် မတ်လ ၁၈ ရက်တွင်လည်း မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မုရစ်ကလေးရွာနှင့် ကမာကေးရွာတို့ကို ဆက်သွယ်ပေးထားသည့် တံတားအမှတ်(၆/၆) သံကူကွန်ကရစ်တံတားဖွင့်ပွဲနှင့် မော်လမြိုင်မြို့၊ တိုးချဲ့ကမ်းနားလမ်းရှိ ရာမညသဲသောင်ပြင်ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၃-၂၀၂၃)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် (၄၉) နှစ် မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားများသို့ တက်ရောက်ခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ အရာရှိ၊ စစ်သည်မိသားစုဝင်များအား တွေ့ဆုံအမှာစကား ပြောကြားခဲ့။

Add new comment