နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ရှမ်း ပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အသေးစား၊ အငယ် စားနှင့် အလတ်စား(MSME) စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအား မတ်လ ၁၈ ရက်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ဒေသခန်းမ၌ သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံပွဲ၌ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင် များက MSME လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား တစ်ဦးချင်းတင်ပြဆွေးနွေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက လိုအပ်သည်များ ပြန်လည်မေးမြန်းဆွေးနွေးပြောကြားခဲ့ပြီး ဒုတိယဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင်-
- MSME ၏ အခြေခံအချက်သည် အဓိကဒေသထွက်ကုန်ကြမ်းကို အသုံးပြု၍ အဆင့်မြင့်အရည်အသွေးမြင့် ထုတ်ကုန်အဖြစ် ထုတ် လုပ်ရန်ဖြစ်ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းပညာ၊ အရင်းအနှီး၊ သွင်းအားစုနှင့် လူ့စွမ်းအားအရင်းအမြစ်တို့လည်း လိုအပ်ကြောင်း။
- ယခင်အစိုးရလက်ထက်တွင် ဒေသအခြေအနေပေါ်မူတည်၍ SME လုပ်ငန်းများအတွက် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသရှိ လူပေါင်း ၂,၈၂၂ ဦး တို့အား ငွေကျပ် ၆ ဘီလီယံကျော် ထုတ်ချေးပေးထားသည်ကို တွေ့ရကြောင်း။
- မိမိတို့အစိုးရလက်ထက် နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအဖြစ် ငွေကျပ် ၅ ဘီလီယံကို ဒေသခံတိုင်းရင်းသားလုပ်ငန်းရှင်များအတွက် အရင်းမပျောက်မတည်ငွေများအဖြစ် ထုတ်ပေးထားကြောင်း။
- ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ဆန်ဖူလုံသောဒေသတစ်ခုဖြစ်သော်လည်း ထွက်ရှိသောစပါးသည် အရည်အသွေးမြင့်မားနေရန် လိုပြီး ပြည်တွင်း/ပြည်ပ ဈေးကွက်များတွင် အရည်အသွေးအပေါ်မူတည်၍ ဈေးနှုန်း ၂ ဆမှ ၃ ဆအထိ ကွာခြားမှုရှိကြောင်း။
- မွေးမြူရေးလုပ်ငန်းအနေဖြင့်လည်း ဒေသအတွက် ဖူလုံသောအခြေအနေတွင်ရှိ၍ ခေတ်နှင့်လျော်ညီသော အေးခဲအသားအဖြစ် အဆင့်မီတိုးမြှင့်ထုတ်လုပ်နိုင်ပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
- ပင်းတယဒေသသည် နိုင်ငံ၏ခရီးသွားလုပ်ငန်းအတွက် အထင်ကရနေရာတစ်ခုဖြစ်၍ ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်ရာ ဒေသတစ်ခုဖြစ်ကြောင်း။
- မီးခိုးမထွက်သောစက်ရုံများဟု တင်စားခေါ်ဝေါ်သော ပြည်တွင်း/ ပြည်ပငွေ ရှာဖွေပေးနေသည့် ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရန် ဒေသထုတ်ကုန်များကိုလည်း ရိုးရာမပျက်တိုးမြှင့်ထုတ်လုပ်နိုင်ရန်လိုကြောင်း။
- ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ပြည်ပခရီးသွားများ စိတ်ဝင်စားကာ လာရောက်လည်ပတ်သည့်ဒေသဖြစ်၍ ရိုးရာထွက်ကုန်ပစ္စည်းများကို တရားဝင်မှတ်ပုံတင်၍ စနစ်တကျ ထုတ်လုပ်ရန်လိုကြောင်း။
- ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရတစ်ဖွဲ့တည်းဖြင့် ဆောင်ရွက်၍မရဘဲ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ ပူးပေါင်းဆောင် ရွက်မှုဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဒေသထွက်ကုန် ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှု ထုတ်ကုန်များ စသည့်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုကြပြီးနောက် ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝလိုဏ်ဂူဘုရားသို့ သွားရောက်၍ လိုဏ်ဂူတော်အတွင်းရှိ ဘုရား၊ စေတီများအား ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၃-၂၀၂၃)
- MSME ၏ အခြေခံအချက်သည် အဓိကဒေသထွက်ကုန်ကြမ်းကို အသုံးပြု၍ အဆင့်မြင့်အရည်အသွေးမြင့် ထုတ်ကုန်အဖြစ် ထုတ် လုပ်ရန်ဖြစ်။
- မိမိတို့အစိုးရလက်ထက် နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအဖြစ် ငွေကျပ် ၅ ဘီလီယံကို ဒေသခံတိုင်းရင်းသားလုပ်ငန်းရှင်များအတွက် အရင်းမပျောက်မတည်ငွေများအဖြစ် ထုတ်ပေးထား။
- ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ဆန်ဖူလုံသောဒေသတစ်ခုဖြစ်သော်လည်း ထွက်ရှိသောစပါးသည် အရည်အသွေးမြင့်မားနေရန် လို။
- မီးခိုးမထွက်သောစက်ရုံများဟု တင်စားခေါ်ဝေါ်သော ပြည်တွင်း/ ပြည်ပ ငွေရှာ ဖွေပေးနေသည့် ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရန် ဒေသထုတ်ကုန်များကို လည်း ရိုးရာမပျက် တိုးမြှင့်ထုတ်လုပ်နိုင်ရန်လို။
Add new comment