ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က မတ်လ ၁၉ ရက်တွင် ကျရောက်သည့် (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ပေးပို့ခဲ့သည့် သဝဏ်လွှာပါကောက်နုတ်ချက်မှာ-
- ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ တနင်္သာရီတိုင်း အမှတ် (၁) အား မွန်ပြည် နယ်အဖြစ် ကမ္ပည်းတင်ရေးထိုးခဲ့သည့် မတ်လ (၁၉) ရက်နေ့ကို မွန်ပြည်နယ်နေ့အဖြစ်သတ်မှတ်ခဲ့ပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို အခြေခံလျက် နှစ်စဉ် ကျင်းပပြုလုပ်ခဲ့သည်မှာ (၄၉) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်။
- လက်ရှိအခြေအနေတွင် မွန်ပြည်နယ်၏ ဒေသတချို့အပါအဝင် အခြားနေရာများ၌ ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက် ဖျက်ကျူးလွန်မှုများ၊ နိုင်ငံတော်ကိုအဖျက်အမှောင့်ပြုလုပ်နေကြခြင်းများကြောင့် ပြည်နယ်၏ သမိုင်းအစဉ်အလာကောင်းများကို မှေး မှိန်စေပြီး နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားလှသဖြင့် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားကြရန် အထူးပင်လိုအပ်မည်ဖြစ်။
- နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသည့်အလျောက် လက် နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးဖြစ်ပေါ်လာစေရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်နှင့်အတူ လက်တွဲဖော်ဆောင်ကြရန်လိုအပ်။
- ယခုအခါ မြန်မာနိုင်ငံသည် အရေးပေါ်အခြေအနေကို ကြေညာထားသည့် ကာလတစ်ရပ်ကို ဖြတ်သန်းနေရဆဲဖြစ်ပြီး ပြည်တွင်းပြည်ပမှ အကြမ်းဖက်ဝါဒီများက နိုင်ငံကိုအလုံးစုံပျက်သုဉ်းစေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဥပဒေမဲ့၊ ကျင့်ဝတ်သိက္ခာမဲ့၊ စည်းမဲ့ကမ်းမဲ့ဖြင့် အစွမ်းကုန်အားထုတ် ဖျက်ဆီးနေကြဆဲဖြစ်သည်မှာ အားလုံးအသိပင်ဖြစ်။
- တော်လှန်ရေးဟူ၍အမည်တပ်ကာ မိမိတို့အားထောက်ခံသူများနှင့် မသိနားမလည်သူများ၏ ဘဝများကို ရင်းနှီးစတေး၍ အာဏာကိုအချောင်ရယူရန် ကြိုးပမ်းအမြတ်ထုတ်နေကြသူများ၊ ခေါင်းစဉ်အမျိုးမျိုးတပ်၍ လိမ်လည်လှည့်ဖြားကာ ကိုယ်ကျိုးရှာသူများကိုလည်း ဝိုင်းဝန်းဖော်ထုတ်နိုင်ရေးဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်။
မွန်ပြည်နယ်မှ မိဘပြည်သူတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအပါအဝင် တိုင်းရင်းသားပြည်သူ နိုင်ငံသားကောင်းတစ်ဦးစီက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် မိမိတို့ကျရာကဏ္ဍအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်သွားကြရန်လိုကြောင်းဖြင့် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၃-၂၀၂၃)
- လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်နှင့်အတူ လက်တွဲဖော်ဆောင်ကြရန်လိုအပ်။
- မြန်မာနိုင်ငံသည် အရေးပေါ်အခြေအနေကို ကြေညာထားသည့်ကာလတစ်ရပ်ကို ဖြတ်သန်းနေရဆဲဖြစ်ပြီး ပြည်တွင်းပြည်ပမှ အကြမ်းဖက်ဝါဒီများက နိုင်ငံကိုအလုံးစုံ ပျက်သုဉ်းစေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဥပဒေမဲ့၊ ကျင့်ဝတ်သိက္ခာမဲ့၊ စည်းမဲ့ကမ်းမဲ့ဖြင့် အစွမ်းကုန်အားထုတ်ဖျက်ဆီးနေကြဆဲဖြစ်။
- တော်လှန်ရေးဟူ၍အမည်တပ်ကာ မိမိတို့အားထောက်ခံသူများနှင့် မသိနားမလည်သူများ၏ ဘဝများကို ရင်းနှီးစတေး၍ အာဏာကိုအချောင်ရယူရန် ကြိုးပမ်းအမြတ်ထုတ်နေကြသူများ၊ ခေါင်းစဉ်အမျိုးမျိုးတပ်၍ လိမ်လည်လှည့်ဖြားကာ ကိုယ်ကျိုးရှာသူများကိုလည်း ဝိုင်းဝန်းဖော်ထုတ်နိုင်ရေးဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်။
Add new comment