နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်က ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံတင်ရန် ဥပဒေ၌ ပြဋ္ဌာန်းထားရာ သတ်မှတ်ရက်ပြည့်ပြီးနောက်ပိုင်းတွင် မှတ်ပုံတင်လို့ ရ၊ မရ မေးမြန်းချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင်-
- ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ကြေးထပ်မံပေးသွင်းခြင်းမှအပ ဥပဒေပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်များအတိုင်း ကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားခွင့်ရှိပြီး လျှောက်ထားခြင်းမရှိသော နိုင်ငံရေးပါတီများက အလိုအလျောက် ပျက်ပြယ်ပြီးဖြစ် သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း။
- နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ မတ်လ ၂၆ ရက်တွင် ရက်ပေါင်း ၆၀ ပြည့်မည်ဖြစ်သော်လည်း မတ်လ ၂၅ ၊ ၂၆ ၊ ၂၇ ရက်များသည် ရုံးပိတ်ရက်များသောကြောင့် နည်းဥပဒေပုဒ်မ ၂၉ အရ နောက်ဆုံးနေ့ရက်အဖြစ် သတ်မှတ်ထားသော နေ့ရက်သည် အများပြည်သူရုံးပိတ်ရက်ဖြစ်ပါက ရုံးပြန်ဖွင့်သည့်နေ့တွင် အဆိုပါကိစ္စကို နောက်ဆုံးနေ့ရက်အဖြစ် ဆောင်ရွက်ခွင့်ရှိကြောင်း။
- ဆက်လက်တည်ထောင်လိုသည့် နိုင်ငံရေးပါတီများက ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်ကို ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက် ထားမည်ဆိုပါက မတ်လ ၂၈ ရက်နေ့ နောက်ဆုံးဖြစ်ပြီး အဆိုပါကိစ္စသည် ဥပဒေအရပြဋ္ဌာန်းခြင်းဖြစ်ကြောင်း။
ပါတီကြီးငယ်မဟူ မည်သည့်ပါတီမဆို ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်သွားရမည်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်ကလည်း ပြဋ္ဌာန်းချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၃-၂၀၂၃)
- နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ မတ်လ ၂၆ ရက်တွင် ရက်ပေါင်း ၆၀ ပြည့်မည်ဖြစ်သော်လည်း မတ်လ ၂၅ ၊ ၂၆ ၊ ၂၇ ရက်များသည် ရုံးပိတ်ရက်များသောကြောင့် နိုင်ငံရေးပါတီများအနေဖြင့် ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားမည်ဆိုပါက မတ်လ ၂၈ ရက်နေ့ နောက်ဆုံးလျှောက်ထားနိုင်။
Add new comment