ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ မိမိသဘောဆန္ဒဖြင့် နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများထောက်ပံ့ပေးအပ်

       ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ မိမိသဘောဆန္ဒဖြင့် နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များအား လတ်တလော စားသောက်နေထိုင်ရေးအဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများထောက်ပံ့ခြင်းကို မတ်လ ၁၄ ရက်တွင် ပလက်ဝမြို့၌ ပြုလုပ်ခဲ့ရာ-

  • ချင်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၅၀၀,၀၀၀ နှုန်းဖြင့် အိမ်ထောင်စု ၂၀ စုအတွက် ငွေကျပ်သိန်း ၁၀၀ ကိုလည်းကောင်း။
  • ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့သည့် အိမ်ထောင်စု ၁ စု လျှင် ငွေကျပ် ၁၀၀,၀၀၀ နှုန်းဖြင့် ငွေကျပ်သိန်း ၂၀၊ ဆန်ရိက္ခာဖိုးငွေတစ်လစာအတွက် လူ ၁ ဦးလျှင် ၉၀၀၀ ကျပ်နှုန်းဖြင့် လူဦးရေ ၁၀၅ ဦးအတွက် ထောက်ပံ့ ငွေ ၉၄၅,၀၀၀ ကျပ်၊ အိမ် ထောင်စု ၁ စုလျှင် လူသုံးကုန်ပစ္စည်း ၁၇ မျိုးပါဝင်သည့် Family Kit ၁ ပုံးနှုန်းဖြင့် Family Kit ၂၀ ပုံးကိုလည်းကောင်း စခန်းတာဝန်ခံများထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့။

     ထို့နောက် ပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်တို့မှ စီစဉ်ဆောင်ရွက်ပေးမှုဖြင့်  ပလက်ဝမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည် သွားရောက်နေထိုင်ကြမည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များ၏  အိမ်သုံးကုန်ပစ္စည်းများအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စက်လှေများပေါ်သို့ ကူညီသယ်ယူပို့ဆောင်ပေးကြပြီး ၎င်းတို့၏နေရပ်ကျေးရွာများအရောက် အခမဲ့ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၃-၂၀၂၃)

 

  • ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ မိမိသဘောဆန္ဒဖြင့် နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုများအား ထောက်ပံ့ငွေ ၁၂၉ သိန်း ၄၅,၀၀၀ ကျပ်နှင့် လူသုံးကုန်ပစ္စည်း ၁၇ မျိုးပါဝင်သည့် Family Kit ၂၀ ပုံး ထောက်ပံ့ပေးအပ်ခဲ့။

Add new comment