မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များနှင့်ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စများအားဆွေးနွေး

         မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး Mr.SHATIROV Alexander Sergeevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို မတ်လ ၁၅ ရက်တွင်လည်းကောင်း၊ ကမ္ဘောဒီးယားဗဟိုဘဏ်မှ နှစ်နိုင်ငံငွေပေးချေမှုစနစ် ချိတ်ဆက်ရေးဆိုင်ရာ လာရောက်သော ကိုယ်စားလှယ်အဖွဲ့ကို မတ်လ ၁၆ ရက်တွင်လည်းကောင်း နေပြည်တော်ရှိ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံကုန် သွယ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များအား ဆွေးနွေးခဲ့။
  • ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၏ လက်ရှိဆောင်ရွက်နေသော ငွေပေးချေမှုစနစ်၊ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။

      တွေ့ဆုံပွဲများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၃-၂၀၂၃)

 

  • မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံရာတွင် နှစ်နိုင်ငံကုန် သွယ်မှုနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတို့အတွက် ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့၏ လက်ရှိဆောင်ရွက်နေသော ငွေပေးချေမှုစနစ်၊ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။

Add new comment