နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မတ်လ ၁၅ ရက်တွင် လွိုင်ကော်မြို့ရှိ ကက်သလစ်သာသနာအသင်းတော်၊ နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ ကယားဖူးနှစ်ခြင်းခရစ်ယာန်အသင်းတော်၊ အင်္ဂလီကန်အသင်းတော်၊ ယေဟောဝါအသင်းတော်၊ သတ္တမနေ့ဥပုသ်အသင်းတော်နှင့် ကေ့ထိုးဘိုးရိုးရာအဖွဲ့များမှ ဘာသာရေးခေါင်းဆောင်များအား ပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင်-
- ကယားပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပြည်နယ်မှ တာဝန်ရှိသူများနှင့် မပြတ်ဆက်သွယ်စီမံဆောင်ရွက်လျက်ရှိပြီး ပြည်နယ်၏ ဘာသာရေးကိစ္စ၊ လူမှုရေးဆိုင်ရာကိစ္စ အခက်အခဲများရှိခဲ့လျှင် ဖြေရှင်းညှိနှိုင်းပေးနိုင်ရေးတွေ့ဆုံခြင်းဖြစ် ကြောင်း။
- ပြီးခဲ့သည့်နှစ်ကာလအတွင်း အကြမ်းဖက်အဖွဲ့အစည်းများကြောင့် လွိုင်ကော်မြို့ အနီးတစ်ဝိုက်အထိ လုံခြုံရေးအရ ခြိမ်းခြောက်မှုများရှိခဲ့ပြီး တည်ငြိမ်အေးချမ်းမှုမရှိခဲ့သော်လည်း ယခုအခါများစွာ တည်ငြိမ်အေးချမ်းလာသည်ကို တွေ့ရကြောင်း။
- အချို့သော မြို့နှင့်အလှမ်းကွာဝေးသည့် နေရာများတွင် တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည်ကိုတွေ့ရသဖြင့် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်း၍ ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသော်လည်း အချို့ သော လက်နက်ကိုင်အဖွဲ့အစည်းများမှာ ပူးပေါင်းဆောင်ရွက်လိုမှု မရှိကြောင်း။
- ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ငြိမ်းချမ်းရေးအတွက် ကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးနိုင်ရန် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ဖိတ်ခေါ်ခဲ့ပြီး ဆွေးနွေးရန် နေပြည်တော်သို့ရောက်ရှိလာသည့် လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း မအားလပ်သည့်ကြားမှ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့ကြောင်း။
- လာရောက်ဆွေးနွေးမှုတွင် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ မပါဝင်သည်ကို စိတ်မကောင်းဖွယ်ရာ တွေ့ရှိရသော်လည်း နိုင်ငံတော်က အမြဲပင်ဆွေးနွေးနိုင်ရန် ကြိုဆိုနေကြောင်း။
- ဘာသာရေးအသင်းတော်များကို တွေ့ဆုံချိန် ပြောကြားလိုသည်မှာ နိုင်ငံတစ်ဝှမ်း တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဒေသအလိုက် ဒေသခံများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ တပ်မတော်နှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရတို့ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြမှာသာ ဒေသအတွင်း အမြန်ဆုံးပြန်လည်တည်ငြိမ်လာမှာဖြစ်ကြောင်းဖြင့် ပြောကြားခဲ့။
တက်ရောက်လာသည့် ဘာသာရေးအသင်းအဖွဲ့များမှ ခေါင်းဆောင်များ၏ ပြည်နယ်အတွင်း လူမှုရေးဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေ းဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက-
- ယာယီနေရပ်စွန့်ခွာသူများနှင့်ပတ်သက်၍ ဒေသတည်ငြိမ်အေးချမ်းမှု မဖြစ်မနေ လိုအပ်ပြီး လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်မှုတွင် ဒေသခံပြည်သူများသည် ဆင်းရဲဒုက္ခများစွာ ကျရောက်ခဲ့ရကြောင်း။
- တည်ငြိမ်အေးချမ်းသော ဒေသများတွင် ပဋိပက္ခမရှိလျှင် နေရပ်စွန့်ခွာသူများမရှိကြောင်း၊ သို့ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းပေးရန် ပြောကြားလိုကြောင်း။
- လက်နက်ကိုင် အကြမ်းဖက်သမားများအနေဖြင့် ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများနှင့် ဆေးပေးခန်းများကို အသုံး ချကာအကာ အကွယ်ရယူတိုက်ခိုက်မှုများပြုလုပ်လျက်ရှိသဖြင့် မိမိကိုယ်ကို ခုခံကာကွယ်မှုအရ တုံ့ပြန်ပစ်ခတ်ရမှုများလည်းရှိကြောင်း။
- ပြည်သူ၊ ဘာသာရေးအသင်းအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်တို့အနေဖြင့် ပူးပေါင်း၍ လက်နက်ကိုင်အကြမ်းဖက်သမားများ မရှိအောင် ထာဝရတည်ငြိမ် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း။
- ယခင်ငြိမ်းချမ်းခဲ့ချိန် ရရှိခံစားရသည့် အေးချမ်းသာယာသောအနှစ်သာရကို တန်ဖိုးထား၍ ကယားပြည်နယ်အမြန်အေးချမ်းစေရေး ကယားပြည်နယ်အတွင်းရှိ ပြည်သူများ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်းဖြင့် ပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် ဘာသာရေးအဖွဲ့ခေါင်းဆောင်များအား ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၃-၂၀၂၃)
- ကယားပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပြည်နယ်မှ တာဝန်ရှိသူများနှင့် မပြတ်ဆက်သွယ်စီမံဆောင်ရွက်လျက်ရှိပြီး ပြည်နယ်၏ ဘာသာရေးကိစ္စ၊ လူမှု ရေးဆိုင်ရာကိစ္စ အခက်အခဲများရှိခဲ့လျှင် ဖြေရှင်းညှိနှိုင်း ပေးနိုင်ရေးတွေ့ဆုံခြင်းဖြစ်။
- ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ငြိမ်းချမ်းရေးအတွက် ကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးနိုင်ရန် နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်ဖိတ်ခေါ်ခဲ့ပြီး ဆွေးနွေးရန် နေပြည်တော်သို့ရောက်ရှိလာသည့် လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း မအားလပ်သည့်ကြားမှ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့။
- လာရောက်ဆွေးနွေးမှုတွင် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မပါဝင်သည်ကို စိတ်မကောင်းဖွယ်ရာတွေ့ရှိရသော်လည်း နိုင်ငံတော်က အမြဲပင်ဆွေးနွေး နိုင်ရန် ကြိုဆိုလျက်ရှိ။
- တည်ငြိမ်အေးချမ်းသောဒေသများတွင် ပဋိပက္ခမရှိလျှင် နေရပ်စွန့်ခွာသူများမရှိနိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် တည် ငြိမ်အေးချမ်းရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းပေးရန် ပြောကြားလို။
- လက်နက်ကိုင် အကြမ်းဖက်သမားများအနေဖြင့် ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများနှင့် ဆေးပေးခန်းများကို အသုံး ချကာအကာ အကွယ်ရယူတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသဖြင့် မိမိကိုယ်ကို ခုခံကာကွယ်မှုအရ တုံ့ပြန်ပစ်ခတ်ရမှုများလည်းရှိ။
- ပြည်သူ၊ ဘာသာရေးအသင်းအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်တို့အနေဖြင့်ပူးပေါင်း၍ လက်နက်ကိုင်အကြမ်းဖက်သမားများမရှိအောင် ထာဝရတည်ငြိမ် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရန်လို။
- ယခင်ငြိမ်းချမ်းခဲ့ချိန် ရရှိခံစားရသည့် အေးချမ်းသာယာသော အနှစ်သာရကို တန်ဖိုးထား၍ ကယားပြည်နယ်အမြန်အေးချမ်းစေရေး ကယားပြည်နယ်အတွင်းရှိ ပြည်သူများ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန်လို။
Add new comment