နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကယားပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကယားပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား မတ်လ ၁၅ ရက်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။

      ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ဆီစက်လုပ်ငန်းရှင်၊ ပြောင်းအခြောက်ခံစက်နှင့် သဘာဝမြေဩဇာထုတ်ယူခြင်း လုပ်ငန်းရှင်၊ လွိုင်ကော်စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ကယားပြည်နယ် ကုန်သည်ကြီးများအသင်းအတွင်းရေးမှူး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းရှင်တို့က လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးများက ဝန်ကြီးဌာနများအလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပေးမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနများအလိုက် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် အားပေးဆောင်ရွက်လျက်ရှိမှုစသဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ပြန်လည်ရှင်းလင်းခဲ့ကြပါသည်။

    ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက-

  • ကယားပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့နှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အလေးထားစိတ်ဝင် စားလျက်ရှိပြီး လိုအပ်သည်များကို အမြဲစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် အေဂျင်စီများ ဖွဲ့စည်းမှုဖြင့် ရပ်တန့်နေ၍မရဘဲ လုပ်ငန်းများအမှန်တကယ်လည်ပတ်နိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း။
  • Member Card သည် အခွင့်အရေးများစွာရှိပြီး လေ့ကျင့်သင်ကြားမှု၊ ဈေးကွက်ရရှိမှုများအပြင် နိုင်ငံတကာအထိ ပြပွဲ၊ ပြိုင်ပွဲများတွင် ခင်းကျင်းပြသနိုင်ရန် အခွင့်အလမ်းများရှိ၍ လုပ်ငန်းရှင်များအနေဖြင့် ပြုလုပ်ထားရန်လိုကြောင်း။
  • စက်မှုဇုန်အတွင်း လုပ်ငန်း ၆၂ ခု လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အတွက် အကျိုးရှိအောင် ဆောင်ရွက်ရန်လိုပြီး ကုန် ထုတ်လုပ်မှု ဆောင်ရွက်ရာတွင်လည်း ဒေသထွက်ကုန်ကြမ်းကိုအခြေခံ၍ အရည်အသွေးကောင်းသည့် ကုန်ချောထုတ်လုပ်ကာ ပြည်ပသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်ရန်လိုကြောင်း။
  • One Region - One Product အရ ဒေသ၏ နာမည်ကြီးထုတ်ကုန်ဖြစ်သော ဝက်အူချောင်း၊ အထည်များ ထွက်ရှိသဖြင့် ထုတ်ပိုးမှု အဆင့်မီအောင် မြှင့်တင်၍ ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရန်လိုကြောင်း။
  • မွေးမြူရေးနှင့်ပတ်သက်၍ သုံးစွဲရမည့် အရင်းအနှီး၊ အစာ၊ ထုတ်ကုန်ဖြစ်သော နေရာ၊ လုပ်သားအတွက် စနစ်တကျစဉ်းစား ဆောင်ရွက်ရန်လိုကြောင်း။
  • ဆန်မွှေးနှင့်ပတ်သက်၍ ထုတ်ကုန်များသည် (Good Manufacturing Practices) နှင့် (Good Agricultural Practices) ရှိသည်နှင့် မရှိသည့် ကွာခြားမှုရှိပြီး ပစ္စည်းတူသော်လည်း ဈေးနှုန်းရရှိမှုမှာ အဆမတန်ကွာခြားကြောင်း။
  • နိုင်ငံခြားပို့ကုန်များနှင့်ပတ်သက်၍ အရည်အသွေးအာမခံ အန္တရာယ်ကင်းရှင်းမှုအတွက် FDA လက်မှတ်သည်လည်း ပြည်ပဈေးကွက်အတွက် အရေးကြီးသော လိုအပ်ချက်ဖြစ်ကြောင်း။
  • ကယားပြည်နယ်အနေဖြင့် အခြားပြည်နယ်များနှင့် တပြေးညီ တဟုန်ထိုးဖွံ့ဖြိုးတိုးတက်ရန် စေတနာဖြင့် ဒေသခံပြည်သူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကယားပြည်နယ်သို့ ငွေကျပ် ၁၀ ဘီလီယံ အရင်းမပျောက်မတည် ထုတ်ပေးထားကြောင်း။
  • လူ့စွမ်းအားအရင်းအမြစ်နှင့်ပတ်သက်၍ ထုတ်လုပ်မှု၊ စီမံခန့်ခွဲမှု၊ ဈေးကွက်စသော ကုန်ထုတ်လုပ်မှုအဆင့်ဆင့်အတွက် ကျွမ်းကျင်လုပ်သားရရှိရန်မှာ အရေးကြီးကြောင်း။
  • လျှပ်စစ်နှင့်ပတ်သက်၍ နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးမှုများရှိသကဲ့သို့ ဒေသအလိုက် ဖြစ်နိုင်သည့် နေစွမ်းအင်သုံး လျှပ်စစ်၊ ရေအားလျှပ်စစ်များကိုလည်း တစ်ပိုင်တစ်နိုင်ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်ကြောင်း။
  • စက်သုံးဆီနှင့်ပတ်သက်၍ နှစ်စဉ်နိုင်ငံခြားငွေ များစွာသုံးစွဲနေရသဖြင့် ချွေတာသုံးစွဲရန် နိုင်ငံတော်ဝန်ကြီးချုပ်မှလည်း လမ်းညွှန်မှာ ကြားထားကြောင်း။
  • MSME လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် ကုန်ကြမ်း၊ ကုန်ချောထုတ်လုပ်သူ၊ ရောင်းဝယ်သူ အားလုံးအကျိုးရှိမည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့်လည်း ရရှိသည့် အခွန်ဝင်ငွေဖြင့် ဝန်ထမ်းများအား လုပ်ခလစာများ နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကိုလည်း ပံ့ပိုးဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့။

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှု ထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များစသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို လေ့လာကြည့်ရှုပြီးနောက် လွိုင်ကော်မြို့၊ ဥတ္တရာရုံကျောင်းတိုက်ရှိ ရတနာသီရိကျောင်းဆရာတော်အမှူးပြုသော သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၃-၂၀၂၃)

 

  • ကယားပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့နှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အလေးထားစိတ် ဝင်စားလျက်ရှိပြီး လိုအပ်သည်များကို အမြဲစီမံဆောင်ရွက်ပေးလျက်ရှိ။
  • MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် အေဂျင်စီများဖွဲ့စည်းမှုဖြင့် ရပ်တန့်နေ၍မရဘဲ လုပ်ငန်းများ အမှန်တကယ်လည်ပတ်နိုင်အောင် ဆောင်ရွက်ရန်လို။
  • One Region - One Product အရ ဒေသ၏ နာမည်ကြီးထုတ်ကုန်ဖြစ်သော ဝက်အူချောင်း၊ အထည်များ ထွက်ရှိသဖြင့် ထုတ်ပိုးမှု အဆင့်မီအောင်မြှင့်တင်၍ ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရန်လို။
  • ကယားပြည်နယ်အနေဖြင့် အခြားပြည်နယ်များနှင့်တပြေးညီ တဟုန်ထိုးဖွံ့ဖြိုးတိုးတက်ရန် စေတနာဖြင့် ဒေသခံပြည်သူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကယားပြည်နယ်သို့ ငွေကျပ် ၁၀ ဘီလီယံ အရင်းမပျောက် မတည် ထုတ်ပေးထား။
  • စက်သုံးဆီနှင့်ပတ်သက်၍ နှစ်စဉ်နိုင်ငံခြားငွေ များစွာသုံးစွဲနေရသဖြင့် ချွေတာသုံးစွဲရန် နိုင်ငံတော်ဝန်ကြီးချုပ်မှလည်း လမ်းညွှန်မှာ ကြားထား။
  • MSME လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် ကုန်ကြမ်း၊ ကုန်ချောထုတ် လုပ်သူ၊ ရောင်းဝယ်သူ အားလုံးအကျိုးရှိမည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့်လည်း ရရှိသည့်အခွန်ဝင်ငွေဖြင့် ဝန်ထမ်းများအား လုပ်ခလစာများနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကိုလည်း ပံ့ပိုးဆောင်ရွက်ပေးနိုင်မည်ဖြစ်။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များသည် လွိုင်ကော်မြို့၊ ဥတ္တရာရုံကျောင်းတိုက်ရှိ ရတနာသီရိကျောင်းဆရာတော်အမှူးပြုသော သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့။

Add new comment