နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့်မှတ်ပုံတင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိ

       နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက်လျှောက်ထားခဲ့ရာ မတ်လ ၁၄ ရက်အထိ နိုင်ငံရေးပါတီတည်ထောင်လိုသောပါတီ ၆ ပါတီ၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသောပါတီ ၁၇ ပါတီ၊ စုစုပေါင်း ၂၃ ပါတီ လာရောက်လျှောက်ထားလျက်ရှိပါသည်။ အဆိုပါ ၂၃ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ၅ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၁၈ ပါတီဖြစ်ပြီး ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၃-၂၀၂၃)

 

  • မတ်လ ၁၄ ရက်အထိ နိုင်ငံရေးပါတီတည်ထောင်လိုသောပါတီ ၆ ပါတီ၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသောပါတီ ၁၇ ပါတီ၊ စုစုပေါင်း ၂၃ ပါတီ လာရောက်လျှောက်ထားလျက်ရှိ။
  • အဆိုပါ ၂၃ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ၅ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၁၈ ပါတီ ဖြစ်ပြီး ပါတီများကိုတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိ။

 

 

 

 

 

 

 

 

Add new comment