ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အောက်ပါအတိုင်းဖမ်းဆီးရမိခဲ့ပါ သည်-
- ဖေဖော်ဝါရီလ ၁ ရက်မှ ၂၈ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်း ၂၁.၂၄၅ ကီလို၊ ဘိန်းဖြူ ၁၂၅.၆၂၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၈,၉၄၁,၄၁၀ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေ ၀.၁ ကီလို၊ အိုက်စ် ၄,၆၆၈.၇၂ ကီလို၊ ဆေးခြောက် ၅၆.၈၅၂ ကီလို၊ အဆင့်နိမ့်ဘိန်း ၀.၀၃၉ ကီလို၊ ဘိန်းဆီခဲ ၁ ကီလို၊ ဘိန်းညိုမှုန့် ၂၄၇ ကီလို၊ ဘိန်းဆီရည် ၂.၂ လီတာ၊ ဘိန်းစာရွက် ၇၅.၇၃ ကီလို၊ ဘိန်းစာမှုန့် ၆၇.၅၈ ကီလို၊ အက်တက်စီဆေးပြား ၁၉၆ ပြား၊ ထရာမဒေါလ်ဆေးတောင့် ၂၁ တောင့်၊ ကတ်တမင်း ၆.၅၆၂ ကီလို၊ Happy Water ၂.၈၈၂ ကီလို၊ ကိုဒင်း ၀.၂၄ လီတာ၊ Caffeine ၄,၅၅၀ ကီလို၊ Methylamine ၄,၆၇၅၀ လီတာ၊ Sulphuric Acid ၃,၅၃၆ လီတာ၊ Acetone ၁၁၂,၃၇၀ လီတာ၊ Toluene ၆၈,၅၁၀ လီတာ၊ Ammonium Nitrate ၂,၇၈၆ ကီလို၊ Ammonium Hydroxide ၇၅၀ လီတာ၊ Sodium Hydroxide ၁၀,၀၀၀ ကီလို၊ Sodium Sulfate ၉,၅၀၀ ကီလို၊ Magnesium Sulfate ၆၀ လီတာ၊ Ethyl Acetate ၉၅,၅၄၀ လီတာ၊ Ethyl 2-Benzyl Acetoacetate ၆၀၀ လီတာ၊ Ethylbenzylamine ၁,၅၃၀ လီတာ၊ Methanol ၅၇,၈၀၀ လီတာ၊ Ethanol ၄၁,၆၅၀ လီတာ၊ Vanillin ၁၃၀ ကီလို၊ Dichloromethane ၉,၀၁၀ လီတာ၊ Dimethyl Methylphosphonate ၈၀ လီတာ၊ Propionyl Chloride ၁၂,၈၈၀ လီတာ၊ Mixture of Sulfuric Acid 10 Percent Canavanine Sulfate Monohydrate ၁၈၀ လီတာ၊ Dyno AP Potassium Nitrate ၁၆၀ လီတာ၊ Chloroform ၄၀,၉၅၀ လီတာ၊ Hydrogen Peroxide ၄၀,၁၀၀ လီတာ၊ Benzene ၂၈,၅၆၀ လီတာ၊ Benzyl Cyanide ၃၄,၇၄၀ လီတာ၊ Benzene D-Fructose 26-Diphosphate ၁၄၀ လီတာ၊ Benzalkonium Chloride ၈၀ လီတာ၊ Isopropyl Alcohol ၈,၅၀၀ လီတာ၊ Caustic Soda ၇၇,၅၀၀ ကီလို၊ ဓာတုဆေးရည် ၃၆,၂၈၀ လီတာ၊ အနံ့ဆေးရည် ၄၀ လီတာ စုစုပေါင်းတန်ဖိုးငွေကျပ်သန်းပေါင်း ၁၈၃,၄၁၃.၇၂၇၇ (US$ ၈၇.၃၃၉ သန်း) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံအမျိုးသား ၅၇၄ ဦး၊ အမျိုးသမီး ၁၁၀ ဦး၊ စုစုပေါင်းတရားခံ ၆၈၄ ဦး ဖမ်းဆီးရမိခဲ့ပါ သည်။
ဖမ်းဆီးရမိသည့်တရားခံများအား သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်းပေးခဲ့ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များပူးပေါင်း၍ မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ဆက်လက်ဖော်ထုတ်ဖမ်း ဆီးလျက်ရှိပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၃-၂၀၂၃)
- ဖေဖော်ဝါရီလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုး ငွေကျပ်သန်းပေါင်း ၁၈၃,၄၁၃.၇၂၇၇ (US$ ၈၇.၃၃၉ သန်း) တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ တရားခံ ၆၈၄ ဦးအား ဖမ်းဆီးရမိခဲ့။
Add new comment