တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့စုံညီအစည်းအဝေး (၁/၂၀၂၃) ကို မတ်လ ၁၄ ရက်တွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ တောင် သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တက်ရောက်အမှာစကားပြောကြားရာတွင်-
- လယ်ယာကဏ္ဍသည် နိုင်ငံတော်၏ အမျိုးသားအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး၏ ၂၃ ဒသမ ၇ ရာခိုင်နှုန်း ပါဝင်နေပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များသည် ပြည်ပပို့ကုန်တွင် အရေးကြီးသော ပို့ကုန်များဖြစ်ကြောင်း။
- တောင်သူလယ်သမားများ၏ ရသင့်ရထိုက်သော အခွင့်အရေးများနှင့် အကျိုးစီးပွားများ ရရှိစေရန် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း။
- MEB Two Step Loan အစီအစဉ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေးထားရှိပြီး မြေလွတ်၊ မြေလပ်၊ မြေ ရိုင်းနှင့် သစ်တောမြေများတွင် ခွင့်ပြုချက်ရရှိပြီးသူများ ချေးငွေရရှိနိုင်ရေးအတွက် စီမံပေးထားကြောင်း။
- ပြည်တွင်းစားသုံးဆီ ဖူလုံစေရန်နှင့် ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နေကြာသီးနှံစိုက်ဧက ၁ ဒသမ ၅ သန်း တိုးချဲ့စိုက်ပျိုးရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နေကြာစိုက်တောင်သူများအတွက် နိုင်ငံတော်မှ ကျပ် (၁၀၀ ဒသမ ၂၄၈ ဘီလီယံ) အား မိုးနှင့် ဆောင်းနေကြာစိုက်ပျိုးရာသီအတွက် ချေးငွေများ ထုတ်ချေးလျက်ရှိကြောင်း။
- (၄) နှစ်တာ အထူးစီမံကိန်းအနေဖြင့် ဝါစိုက်ပျိုးဧက (၇) သိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ ဧက (၄၅၈,၃၈၈) စိုက်ပျိုးထားရှိကြောင်း။
- နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ပဲတီစိမ်းဧက (၅) သိန်းနှင့် နွေ စပါး (၈ ဒသမ ၅ သိန်း) ဧက အတွက်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သုံးစွဲရန်လျာထားဆောင်ရွက်လျက်ရှိကြောင်း။
- တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းများကို စီမံချက်များ ရေးဆွဲချမှတ်ဆောင်ရွက်သွားရန် လိုအပ်ပြီး သဘာဝဘေးအန္တရာယ်များကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ပါက သင့်တင့်သောထောက်ပံ့ငွေများပံ့ပိုးကူညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
- ကျေးလက်ဒေသ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြစိမ်းရောင်(ငါးကဏ္ဍ) ကျေးရွာစီမံကိန်းကို ကျေးရွာတစ်ရွာလျှင် ငွေကျပ် သန်း ၃၀ စီဖြင့် ကျေးရွာပေါင်း ၃၉၄ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
- ကိုဗစ် - ၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံ၏ စီးပွားရေးအခြေအနေ ပြန်လည်မြှင့်တင်နိုင်ရန် ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သို့ ငွေကျပ် ၁၀ ဘီလီယံစီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးသို့ ငွေကျပ် ၈ ဘီလီယံစီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသကြီး (၆) ခုသို့ ငွေကျပ် ၅ ဘီလီယံစီ စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၀၀ ဘီလီယံကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့။
ထို့နောက် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင် ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၃-၂၀၂၃)
- MEB Two Step Loan အစီအစဉ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေးထားရှိပြီး မြေလွတ်၊ မြေလပ်၊ မြေ ရိုင်းနှင့် သစ်တောမြေများတွင် ခွင့်ပြု ချက်ရရှိပြီးသူများ ချေးငွေရရှိနိုင်ရေးအတွက် စီမံပေးထား။
- နေကြာစိုက်တောင်သူများအတွက် နိုင်ငံတော်မှ ကျပ် (၁၀၀ ဒသမ ၂၄၈ ဘီလီယံ) အား မိုးနှင့် ဆောင်းနေကြာစိုက်ပျိုးရာသီအတွက် ချေးငွေများ ထုတ်ချေးလျက်ရှိ။
- (၄) နှစ်တာ အထူးစီမံကိန်းအနေဖြင့် ဝါစိုက်ပျိုးဧက (၇) သိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ ဧက (၄၅၈,၃၈၈) စိုက်ပျိုးထားရှိ။
- ပဲတီစိမ်းဧက (၅) သိန်းနှင့် နွေ စပါး (၈ ဒသမ ၅ သိန်း) ဧက အတွက်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သုံးစွဲရန်လျာထားဆောင်ရွက်လျက်ရှိ။
- တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် သဘာဝဘေးအန္တရာယ်များကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ပါက သင့်တင့်သောထောက်ပံ့ငွေများ ပံ့ပိုးကူညီဆောင်ရွက်သွားကြရမည်ဖြစ်။
Add new comment