ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးများ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီ းဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်တို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး Mr. Alexander Sergeevich Shatirov ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် သက်ဆိုင်ရာဝန်ကြီးဌာန၌ အသီးသီး လက်ခံတွေ့ဆုံခဲ့ပါသည်။

  • ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် ရထား၊ ရေကြောင်း၊ လေကြောင်း စသောပို့ဆောင်ရေးကဏ္ဍများနှင့် ဆက်သွယ်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ၊ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းများတိုးချဲ့ ပျံသန်းရေးကိစ္စရပ်များ၊ လျှပ်စစ်ရထား၊ လျှပ်စစ်မော်တော်ယာဉ်များ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ နည်းပညာဆိုင်ရာကိစ္စရပ်များ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ကျွမ်းကျင်သူပညာရှင်များအကြား အပြန်အလှန်ဆွေးနွေးနိုင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့် စီးပွားရေး၊ ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို လက်တွေ့ဆောင်ရွက်နိုင်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
  • ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် နှစ်ဖက်ချုပ်ဆိုထားသော နား လည်မှုစာချွန်လွှာအရ နှစ်နိုင်ငံအကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေး၊ သတ္တုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍနှင့် ခရီးသွားကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့။
  • သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ် ငန်းများ၊ သမဝါယမစနစ်ဖြင့်ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကျေးလက်အခြေခံအဆောက်အအုံများနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအား လက်တွေ့ဆောင်ရွက်နိုင်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
  • သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ဓာတ်သတ္တုလုပ်ငန်းများ စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် လိုအပ်သောနည်းပညာ၊ သတင်းအချက်အလက်စုဆောင်း ရယူခြင်း၊ ကျွမ်းကျင်မှုကိစ္စရပ်များနှင့် စက္ကူပျော့ဖတ်စက်ရုံတည်ထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင်းလင်းစွာဆွေးနွေးခဲ့။
  • ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် “Welcome Russia” Program in Myanmar အစီ အစဉ်၊ နှစ်နိုင်ငံလေကြောင်းလိုင်း တိုက်ရိုက်ပျံသန်းပြေးဆွဲနိုင်ရေး၊ ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရာတွင် ကျန်းမာရေးအာမခံဝယ်ယူရေး အဆင်ပြေလွယ်ကူမှုရှိစေရေး၊ နှစ်နိုင်ငံခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့။

    တွေ့ဆုံပွဲအသီးသီးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscongress Investment ရန်ပုံငွေအဖွဲ့မှကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါ သည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၃-၂၀၂)

 

  • ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးများ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံရာတွင် စီးပွားရေး၊ ဘဏ္ဍာရေးကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ လျှပ်စစ်ရထား၊ လျှပ်စစ်မော်တော်ယာဉ်များ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ နည်းပညာသတ္တုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ သဘာဝမြေဩဇာထုတ်လုပ်ရေး၊ စက္ကူပျော့ဖတ်စက်ရုံတည်ထောင်ရေး၊ စိုက်ပျိုး ရေးကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍနှင့် ခရီးသွားကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။

Add new comment