စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့ရှိ မြို့နယ်သစ်တောဦးစီးမှူးရုံးအား မတ်လ ၁၃ ရက်တွင် PDF အကြမ်းဖက်သမားများက ရုံးဝန်းအတွင်းသို့ မီးပုလင်းများဖြင့် ပစ်ပေါက်၍ မီးရှိ့ဖျက်ဆီးခဲ့မှုကြောင့့်် ယာယီပိတ်ထားပြီး လူနေထိုင်ခြင်းမရှိသည့် ဝန်ထမ်းအိမ်ရာအဆောက်အဦအဟောင်းများ (ကာလတန်ဖိုးကျပ် ၈၅ သိန်းခန့်) မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရှိရပါသည်။
NUG၊ CRPH တို့၏လက်ဝေခံ PDF အကြမ်းဖက်သမားများသည် အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ ရုံးဌာနအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း များပြုလုပ်လျက်ရှိသည့်အပြင် အခြားအကြမ်းဖက်မှုလုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် အသိဉာဏ်မဲ့စွာ လုပ်ဆောင်မှုများအပေါ် ပြည်သူတစ်ရပ်လုံးက ပြစ်တင်ရှုတ်ချလျက်ရှိပါသည်။
ထိုသို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရပိုင်အဆောက်အဦများအား အကြောင်းမဲ့အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၃-၂၀၂၃)
- စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့ရှိ မြို့နယ်သစ်တောဦးစီးမှူးရုံးအား PDF အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက်တိုက်ခိုက်ရာ ဝန်ထမ်းအိမ်ရာအဆောက် အဦဟောင်းများ (ကာလတန်ဖိုးကျပ် ၈၅ သိန်းခန့်) မီးလောင်ပျက်စီးခဲ့။
Add new comment