နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒများချမှတ်ကာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်၍ တားဆီးကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကိုလိုလားသည့် ပြည်သူများ၏သတင်းပေးပို့ချက်အရ မတ်လ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်နှင့် တာမွေမြို့နယ်တိုတွင် Cookie မုန့်နှင့် ချောကလက်မုန့်များတွင် ဆေးခြောက်များထည့်၍ ရောင်းချသည့်တရားခံများအား ဖမ်းဆီးရမိခဲ့ရာ-
-
လမ်းမတော်မြို့နယ်၊ အမှတ်(၇)ရပ်ကွက် (၁၆)လမ်း တိုက်အမှတ်(၁၂၆) ရှစ်လွှာရှိ တိုက်ခန်း၌ ထက်ရတနာစိုး ၂၄ နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ လမ်းမတော်မြို့နယ် အမှတ်(၁၀)ရပ်ကွက် ဗဟိုရ်စည်အိမ်ရာဝင်း တိုက်အမှတ် (၄၀) သုံးလွှာရှိ အခန်း (၁၄)တွင် ဇော်လင်းနောင် ၂၁ နှစ်အား ဆေးခြောက်အမှုန့် ၁၀၉ ဂရမ်၊ ဆေးခြောက်ထည့်သွင်းပြုလုပ်ထားသည့် Cookie မုန့် အခု ၅၀၊ ဆေးခြောက်ရှူရာတွင် အသုံးပြုသည့် ဆေးဂေါက်တံတစ်ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့။
-
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် တရားမဝင်ပေါင်းသင်းနေထိုင်သူများဖြစ်ပြီး Cookie မုန့်များအတွင်း ဆေးခြောက်များကို ထည့်သွင်းပြုလုပ်ကာ အွန်လိုင်းမှတစ်ဆင့် ရောင်းချခဲ့ကြောင်း၊ ဆေးခြောက်ထည့်သွင်းမှု အနည်း/အများပေါ်မူတည်၍ Cookie မုန့်တစ်ခုလျှင် ငွေကျပ် ၆၀၀၀ မှ ငွေကျပ် ၁၀,၀၀၀ ထိ ရောင်းချကြောင်း၊ ဆေးခြောက်များအား အွန်လိုင်းမှတစ်ဆင့် မြဝတီဘက်မှ မှာယူ၍ ခရီးသည်တင်ယာဉ်များဖြင့် သယ်ဆောင်ရယူခဲ့ကြောင်း၊ Cookie မုန့်များအား လူကြိုက်များစေရန်နှင့် လူငယ်လူရွယ်များ၊ ကျောင်းသား၊ကျောင်းသူများ မူးယစ်ဆေးဝါးသုံးစွဲလာစေရန်ရည်ရွယ်၍ Cookie မုန့်များအတွင်း ဆေး ခြောက်များကို ထည့်သွင်းပြုလုပ်ကာ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရ။
-
တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက် ၁၆၆ လမ်းမပေါ်တွင် မဆုသက်မွန် (ခ) ပုံ့ပုံ့ကို ဆေးခြောက် ၆၅ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းနေထိုင်သည့် တာမွေမြို့နယ်ရှိ နေအိမ်ကို ဆက်လက်ရှာဖွေရာ ဆေးခြောက် ၂၄၀ ဂရမ်၊ ဖန်ပုလင်းဖြင့် ထည့်လျက် ဆေးခြောက်အဆီ ၆၀ စီစီ၊ ရေခဲသေတ္တာအတွင်းမှ ဆေးခြောက်အဆီဖြင့် ရောနှောပြုလုပ်ထားသည့် ချောကလက်မုန့် ၁၂၄ ခု၊ ဆေးခြောက်မုန့် ပြု လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၂၀၂၂ ခုနှစ် ဩဂုတ်လမှစတင်၍ ဆေးခြောက်များအား Online ပေါ်မှ တစ်ဆင့်ဝယ်ယူပြီး ချောကလက်မုန့်များအတွင်းသို့ ဆေးခြောက်အဆီများ ရောနှောပြုလုပ်၍ လူငယ်များအား Online မှတစ်ဆင့် ရောင်းချခဲ့ကြောင်း သိရ။
သို့ဖြစ်၍ မိမိကိုယ်ကျိုးစီးပွားအတွက် လူငယ်လူရွယ်များအား လမ်းမှားသို့ရောက်ရှိစေရေးရည်ရွယ်ချက်ဖြင့် Cookie မုန့်များအတွင်း ဆေးခြောက်များကို ထည့်သွင်းပြုလုပ်ကာ ရောင်းချခဲ့သည့်တရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ နိုင်ငံသားအားလုံးမှ ကိုယ်စီတာဝန်ရှိစွာနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း အသိပေးသတင်းထုတ်ပြန်ထားပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၃-၂၀၂၃)
-
မတ်လ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်တွင် Cookie မုန့်များတွင် ဆေးခြောက်များထည့်၍ ရောင်းချသည့်တရားခံ ၂ ဦး(ကျား ၁ ဦး၊ မ ၁ ဦး) အား ဆေးခြောက်အမှုန့် ၁၀၉ ဂရမ်၊ ဆေးခြောက်ထည့်သွင်းပြုလုပ်ထားသည့် Cookie မုန့် အခု ၅၀၊ ဆေးခြောက်ရှူရာတွင် အသုံးပြုသည့် ဆေးဂေါက်တံ တစ်ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့။
-
၎င်းတို့သည် Cookie မုန့်များအတွင်း ဆေးခြောက်များကို ထည့်သွင်းပြုလုပ်ကာ အွန်လိုင်းမှတစ်ဆင့် ရောင်းချခဲ့ကြောင်း၊ ဆေး ခြောက်ထည့်သွင်းမှု အနည်း/ အများပေါ်မူတည်၍ Cookie မုန့်တစ်ခုလျှင် ငွေကျပ် ၆၀၀၀ မှ ငွေကျပ် ၁၀၀၀၀ ထိ ရောင်းချကြောင်း၊ ဆေးခြောက်များအား အွန်လိုင်းမှတစ်ဆင့် မြဝတီဘက်မှ မှာယူ၍ ခရီးသည်တင်ယာဉ်များဖြင့် သယ်ဆောင်ရယူခဲ့ကြောင်း ထွက်ဆိုခဲ့။
-
တာမွေမြို့နယ်တွင် လမ်းမပေါ်တွင် မဆုသက်မွန် (ခ) ပုံ့ပုံ့ကို ဆေးခြောက် ၆၅ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းနေထိုင်သည့် နေအိမ်ကို ဆက်လက်ရှာဖွေရာ ဆေးခြောက် ၂၄၀ ဂရမ်၊ ဖန်ပုလင်းဖြင့်ထည့်လျက် ဆေးခြောက်အဆီ ၆၀ စီစီ၊ ရေခဲသေတ္တာအတွင်းမှ ဆေးခြောက်အဆီဖြင့် ရောနှောပြုလုပ်ထားသည့် ချောကလက်မုန့် ၁၂၄ ခု၊ ဆေးခြောက်မုန့်ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့။
Add new comment