ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် လေအားလျှပ်စစ်စီမံကိန်းနေရာများကြည့်ရှုစစ်ဆေး

      လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်သည် မတ်လ ၁၂ ရက်တွင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ လေတိုက်နှုန်းတိုင်းကိရိယာ (Anemometers) စိုက်ထူထားသော ဂွလေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေး၍ အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော လေအားလျှပ်စစ်စီမံကိန်းဖြစ်၍ အမြန်ဆုံးထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

        လေတိုက်နှုန်းတိုင်းကိရိယာများ (Anemometers) ကို စီမံကိန်းဆောင်ရွက်မည့် အမ်းမြို့နယ်တွင် နှစ်တိုင်၊ ဂွမြို့နယ်တွင် တစ်တိုင်၊ သံတွဲမြို့နယ်တွင် တစ်တိုင် စုစုပေါင်းလေးတိုင်ကို ၂၀၁၆ ခုနှစ်မှ စတင်တပ်ဆင်ကာ လေတိုက်နှုန်းရလဒ်များကို ခြောက်နှစ်စာ မှတ်တမ်းရယူထားပြီးဖြစ်ကြောင်း၊ ဂွလေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံသားပိုင်ကုမ္ပဏီဖြစ်သည့် Primus Advanced Technologies Limited (PRIMUS)နှင့် ဟောင်ကောင်အခြေစိုက် Asia Ecoenergy Development Limited (AED)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yunnan Machinery and Equipment Import and Export Co., Ltd ကုမ္ပဏီသုံးခုတို့ပူးပေါင်းပြီး ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ တပ်ဆင်စက်အင်အား ၁၀၀ မဂ္ဂါဝပ်ဖြင့် တည်ဆောက်မည်ဖြစ်ကာ တစ်နှစ်ထုတ်လုပ်နိုင်မှုဓာတ်အားမှာ ၂၂၇ ဒသမ ၂ ကီလိုဝပ် နာရီသန်းပေါင်းရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

       ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လေအားလျှပ်စစ်ထုတ်လုပ်ချိန်တွင် ဓာတ်အားလက်ခံပြီး ဆက်လက်ပို့လွှတ်ဖြန့်ဖြူးမည့် ဂွမြို့ရှိ ၆၆/၁၁ ကေဗွီ (၁၀ အမ်ဗွီအေ) ဓာတ်အားခွဲရုံသို့ရောက်ရှိပြီး ခွဲရုံအတွင်း တိုးချဲ့တည်ဆောက်မည့် စီမံကိန်းနေရာများကို ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိန္တလီမြို့အနီးရှိ ကျိန္တလီ ချောင်းပေါ်တွင် အကြိုဖြစ်မြောက်နိုင်စွမ်း ရေအရင်းအမြစ် စူးစမ်းလေ့လာတိုင်းတာနေမှုအား ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၃-၂၀၂၃)

 

  • လေတိုက်နှုန်းတိုင်းကိရိယာများ (Anemometers) ကို စီမံကိန်းဆောင်ရွက်မည့် အမ်းမြို့နယ်တွင် နှစ်တိုင်၊ ဂွမြို့နယ်တွင် တစ်တိုင်၊ သံတွဲမြို့နယ်တွင် တစ်တိုင် စုစုပေါင်းလေးတိုင်ကို ၂၀၁၆ ခုနှစ်မှ စတင်တပ်ဆင်ကာ လေတိုက်နှုန်းရလဒ်များကို ခြောက်နှစ်စာ မှတ် တမ်းရယူထားပြီးဖြစ်။
  • ဂွလေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံသားပိုင်ကုမ္ပဏီဖြစ်သည့် Primus Advanced Technologies Limited (PRIMUS)နှင့် ဟောင်ကောင်အခြေစိုက် Asia Ecoenergy Development Limited (AED)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yunnan Machinery and Equipment Import and Export Co., Ltd ကုမ္ပဏီသုံးခုတို့ပူးပေါင်းပြီး ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ တပ်ဆင်စက်အင်အား ၁၀၀ မဂ္ဂါဝပ်ဖြင့် တည်ဆောက်မည်ဖြစ်ကာ တစ်နှစ်ထုတ်လုပ်နိုင်မှုဓာတ်အားမှာ ၂၂၇ ဒသမ ၂ ကီလိုဝပ် နာရီသန်းပေါင်းရရှိမည်ဖြစ်။

Add new comment