တကောင်းနီကယ်စက်ရုံသို့ သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားအချို့ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်အတွင်းရှိ တကောင်းနီကယ်စက်ရုံသို့ သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်များအား ဇန်နဝါရီလ ၇ ရက်တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့်သတင်းအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်ထုတ် VOLUME 1, ISSUE 9၊ Info- rmation Sheet သတင်းလွှာတွင်  ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေးဆောင်ရွက်လျက်ရှိစဉ် ဇန်နဝါရီလ ၁၀ ရက်တွင် သံခြေတောင်ကျေးရွာလမ်းဆုံနေရာ၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ် ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား ၃ ဦးကို လက်လုပ်သေနတ် ၂ လက်၊ တူမီးသေနတ် ၁ လက်၊ လက်လုပ်မိုင်း ၁ လုံး၊ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ အသေဖမ်းဆီးရမိခဲ့ပါသည်။

ဖော်ထုတ်စစ်ဆေးချက်များအရ အဆိုပါသေဆုံးခဲ့သည့် အကြမ်းဖက်သမားများမှာ ဇန်နဝါရီ ၇ ရက်က ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံသို့ သွယ်တန်းထားသော လျှပ်စစ်တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အကြမ်းဖက်သမားများဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

  • လုံခြုံရေးတပ်ဖွဲ့ဝင်များအား သံခြေတောင်ကျေးရွာလမ်းဆုံနေရာ၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက် ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား ၃ ဦးကို လက်လုပ် သေနတ် ၂ လက်၊ တူမီးသေနတ် ၁ လက်၊ လက်လုပ်မိုင်း ၁ လုံး၊ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရာတွင် အသုံး ပြုသည့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ အသေဖမ်းဆီးရမိခဲ့။
  • ဖော်ထုတ်စစ်ဆေးချက်များအရ အဆိုပါသေဆုံးခဲ့သည့် အကြမ်းဖက်သမားများမှာ ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံသို့ သွယ်တန်းထားသော လျှပ်စစ်တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အကြမ်းဖက်သမားများဖြစ်ကြောင်းနှင့် ဆက်စပ် တရားခံများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဖော်ထုတ်လျက်ရှိ။

Add new comment