မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ကျင်းပ

     မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ကို မတ်လ ၁၁ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြား၍ နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ပါသည်။

     နှီးနှောဖလှယ်ပွဲတွင် main symposium အဖြစ် Quality Care in Medical Practice (အရည်အသွေးရှေးရှု ကျန်းမာရေးစောင့်ရှောက်မှု) အကြောင်းကို ဆွေးနွေးကြပြီး Professor Ouppatham ၊ Dr Takayuki Inagaki နှင့် မြန်မာဆရာဝန်ကြီးများ၊  Professor Dr Tan Soo Young ၊ Dr. Sanjay Kalra ၊ Dr Taweesak Chotivatanapong နှင့် Dr Suphasit Sathitrakool တို့က သက်ဆိုင်ရာခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးကြပြီး တက်ရောက်လာသူများက ပြန် လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း  သိရှိရပါသည်။   

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၃-၂၀၂၃)

 

  • မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် main symposium အဖြစ် Quality Care in Medical Practice (အရည်အသွေးရှေးရှု ကျန်းမာရေး စောင့်ရှောက်မှု) အကြောင်းကို ဆွေးနွေးကြပြီး Professor Ouppatham ၊ Dr Takayuki Inagaki နှင့် မြန်မာဆရာဝန်ကြီးများ၊  Professor Dr Tan Soo Young ၊ Dr. Sanjay Kalra ၊ Dr Taweesak Chotivatanapong နှင့် Dr Suphasit Sathitrakool တို့က သက်ဆိုင်ရာခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးခဲ့။

Add new comment