AAET Distinguished Lecture for the Commemoration of World Engineering Day 2023 အခမ်းအနားကျင်းပ

        World Engineering Day 2023 အထိမ်းအမှတ်အဖြစ် AAET Distinguished Lecture for the Commemoration of World Engineering Day 2023 အခမ်းအနားကို မတ်လ ၁၁ ရက်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံး၌ Online Zoom Meeting ဖြင့် ကျင်းပခဲ့ပါသည်။

     အခမ်းအနား၌ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အဖွင့်မိန့်ခွန်းပြောကြားရာတွင်-

  • ၂၀၂၃ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာနေ့၏ ဆောင်ပုဒ်မှာ “အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုဖြင့် ကြံ့ကြံ့ခိုင်နိုင်သည့် ကမ္ဘာကိုတည်ဆောက်စို့ ဖြစ်ပြီး စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း။
  • AAET အနေဖြင့် ကမ္ဘာ့အင်ဂျင်နီယာနေ့ကို အထူးအလေးထားကာ ပိုမိုတောင့်တင်းခိုင်မာသည့် အာဆီယံကမ္ဘာဖြစ်လာစေရန်အတွက် အင်ဂျင်နီယာဆိုင်ရာ ဆန်းသစ်တီထွင်မှုများကိုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ဟောပြောပွဲကို ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း။
  • နေပြည်တော်ရှိ ကမ္ဘာ့အမြင့်ဆုံး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်မှုကို မြန်မာအင်ဂျင်နီယာများ၏ ဆန်းသစ်တီထွင်မှုဆိုင်ရာ အောင်မြင်မှုအဖြစ် တွေ့မြင်ရမည်ဖြစ်ကြောင်း။
  • အင်ဂျင်နီယာများသည် ၎င်းတို့၏ ဆန်းသစ်တီထွင်မှုဖြင့် ပိုမိုကြံ့ကြံ့ခံနိုင်သည့် ကမ္ဘာ ကို တည်ဆောက်ရုံသာမက ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို ဖန်တီးနိုင်မည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့။

     ထို့နောက် AAET President, Prof. Dr. Ewe Hong Tat က ဂုဏ်ပြုအမှာစကားပြောကြားပြီး AAET Vice President, မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအောင်ကျော်မြတ်က Seismic Hazard and Vulnerability Assessment For Bagan/ Nyaung U Area ခေါင်းစဉ်ဖြင့် Seismicity Around Bagan/Naung U Area, Significant Ground Shakings on Historical Monuments, Development of Seismic Hazard and Vulnerability Assessment တို့အား Distinguished Lecture အဖြစ် ဟောပြောခဲ့ပါသည်။

      အဆိုပါ အခမ်းအနားသို့ AAET အဖွဲ့ကြီးမှ နိုင်ငံတကာ Professors များ၊ ပညာရှင်များ၊ ပြည်တွင်းရှိ အင်ဂျင်နီယာပညာရှင်များ၊ ဗိသုကာပညာရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၃-၂၀၂၃)

 

  • နေပြည်တော်ရှိ ကမ္ဘာ့အမြင့်ဆုံး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်မှုကို မြန်မာအင်ဂျင်နီယာများ၏ ဆန်းသစ်တီထွင်မှုဆိုင်ရာ အောင်မြင်မှုအဖြစ် တွေ့မြင်ရမည်ဖြစ်။
  • အင်ဂျင်နီယာများသည် ၎င်းတို့၏ ဆန်းသစ်တီထွင်မှုဖြင့် ပိုမိုကြံ့ကြံ့ခံနိုင်သည့် ကမ္ဘာကို တည်ဆောက်ရုံသာမက ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို ဖန်တီးနိုင်မည်ဟု ယုံကြည်။

Add new comment