နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃) ဖွင့်ပွဲအခမ်းအနားတက်ရောက်ဖွင့်လှစ်

         မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၁၀ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC-II) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားခဲ့ပါသည်။

      နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချူပ်နှင့် သက်ဆိုင် ရာ တာဝန်ရှိသူများက မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲအထိမ်းအမှတ်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချူပ်က မြန်မာနိုင်ငံကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲအထိမ်းအမှတ် မုခ်ဦးကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီးနောက် အဖွင့်အမှာစကားပြောကြားရာတွင်-

  • ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် “မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကြီး”ကို “အရည်အသွေး ရှေးရှုကျန်းမာရေး စောင့်ရှောက်မှု” “Quality Care in Medical Practice” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း။
  • နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှု၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ အငြိမ်းစားပညာရှင်များအပါအဝင် ကျန်းမာရေးဆိုင်ရာ ပညာရှင်များ၊ နိုင်ငံအတွင်းရှိ စေတနာရှင်ပရဟိတအဖွဲ့အစည်းများ၏ စွမ်းအားကို အခြေခံပြီး မိတ်ဆွေနိုင်ငံများ၏ ပံ့ပိုးကူညီမှုများ၊ တိုင်းရင်းသားပြည်သူအပေါင်း၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးမှုများနှင့် ကိုဗစ်-၁၉ ကမ္ဘာကပ်ရောဂါဆိုးကို အခြေအနေတစ်ရပ်အထိ ထိထိရောက်ရောက် ထိန်းချုပ်၊ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အရေးပေါ်ကာလ နှစ်နှစ်အတွင်းတွင် ရှေ့လုပ်ငန်းစဉ်အမှတ် (၂) အနေဖြင့် “လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက်ဆောင် ရွက်သွားမည်”ဆိုသည့် ဦးတည်ချက်နှင့်အညီ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း။
  • ထို့ကြောင့်လည်း ဆက်လက်တာဝန်ယူမည့်ကာလအတွက် ဦးတည်ချက်မှာ “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ပြည်သူလူထု ဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်သွားမည်”ဟု ပြောင်းလဲချမှတ်ထားပြီး ကျန်းမာရေးကဏ္ဍအတွက် အားလုံးခြုံငုံပါဝင်ကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်များအနက်မှ တတိယအချက်ဖြစ်သည့် “နိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေး” ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး သက် ဆိုင်ရာဌာနများနှင့် စေတနာရှင်ပရဟိတ လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းကူညီပံ့ပိုးမှုများ၊ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်မှုစွမ်းအားများနှင့် ဦးတည်ချက်ကို အောင်မြင်မှုရရှိလာသည်အထိ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်သည်ကို တိုက်တွန်းပြောကြားလိုကြောင်း။
  • လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ ပြည်သူလူထု၏ မျှော်မှန်းသက်တမ်း တိုးတက်မြင့်မားလာစေရေးအတွက် အခြေခံကျန်းမာ‌ရေး စောင့်ရှောက်မှုများကို တိုးမြှင့်‌ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးပညာရှင်များ၏ လုပ် ဆောင်မှုများသာမက သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးက ပူး‌ပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
  • ပြည်သူများ နေရာထိုင်ခင်းကောင်းမွန်စွာဖြင့် စိတ်အေးချမ်းသာစွာ ဆေးကုသမှုခံယူနိုင်ရေးအတွက် ပြည်သူ့ဆေးရုံများအား မွမ်းမံပြင်ဆင်ခြင်း၊ အသစ် တိုးချဲ့တည်ဆောက်ခြင်းနှင့် အဆင့်မီဆေး ကုသမှုများခံယူနိုင်စေရန် ဆေးဝါးများ၊ ခေတ်မီဆေးပစ္စည်းကိရိယာများ စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးခြင်းတို့ကိုလည်း နိုင်ငံတော်အနေဖြင့် နှစ်စဉ်ဘတ်ဂျက်များတိုးမြှင့် လျာထားဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • ကျန်းမာရေးဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာများ တိုးချဲ့ဆောက်လုပ်ပေးနေသည့်အပြင် ချီးမြှင့်ငွေနှင့် စရိတ်မျိုးစုံကို ခံစားခွင့်ရရှိစေရန်ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • အရည်အချင်းပြည့်ဝသည့်ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဆေးနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ် (၁၆) ခု၊ သူနာပြု နှင့် သားဖွားသင်တန်းကျောင်း (၅၃) ကျောင်းတို့ကို ဖွင့်လှစ်ပြီး သင်ရိုးညွှန်းတမ်းများကို လိုအပ်ချက်နှင့်အညီ ပြုပြင်ပြောင်းလဲပြီး သင်ကြားပေးလျက်ရှိကြောင်း။
  • ယခုဆေးပညာသင်ရိုးညွှန်းတမ်းကို နိုင်ငံတကာအဆင့်မီဖြစ်စေရန် မျှော်မှန်းရလဒ်အခြေခံသည့် စုစည်းချိတ်ဆက်သင်ကြားခြင်းစနစ်ကို ပြောင်းလဲသင်ကြားလျက်ရှိပြီး ကျန်းမာရေးပညာရှင်များအကြား ယှဉ်တွဲလေ့လာသင်ယူမှု (Inter-Professional Education) နှင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်တတ်စေရေးတို့ကိုပါ ထည့်သွင်းသင်ကြားပေးလျက်ရှိသည်ကို သိရကြောင်း။
  • ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များကို တက်ရောက်ရန် ဝင်ခွင့်ရွေးချယ်ရာတွင်လည်း ဆေးပညာရပ်ကို အမှန်တကယ် စိတ်ဝင်စားသူများ၊ ဆေးပညာကျင့်ဝတ်လိုက်နာစောင့်ထိန်းမည့်သူများ၊ ကျန်းမာရေးနယ်ပယ်တွင် တာဝန်ထမ်းဆောင်လိုသူများ၊ မေတ္တာစေတနာနှင့်ကျန်းမာရေး စောင့်ရှောက်ပေးလိုသူများကိုသာ ရွေးချယ်ပြုစုပျိုးထောင်နိုင်ရေးအတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို စနစ်တကျ စိစစ်ရွေးချယ်ပြီး ဝင်ခွင့်ပြုသည့် စနစ်သစ်ကို ၂၀၂၂ ခုနှစ် ပညာသင်နှစ်မှ စတင်ကျင့်သုံးလျက်ရှိ ကြောင်း။
  • ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနအနေဖြင့်လည်း ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အထောက်အကူဖြစ်စေမည့် သုတေသနလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်သည့်အပြင် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို (၅၁) ကြိမ်မြောက်အထိ အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း။
  • ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ပြည်သူတစ်ရပ်လုံး သက်တမ်းစေ့ အသက်ရှည်စွာနေထိုင်နိုင်ရေး၊ ရောဂါဘယကင်း‌ဝေးစေရေးအတွက် ဦးတည်ချက်ထားပြီး နေ့ညမပြတ်ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ယနေ့ ကျင်းပသည့် “မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီး”က အဆိုပါရည် ရွယ်ချက်များ အောင်မြင်စေရန်ကြီးမားသည့် အထောက်အပံ့တစ်ခုဖြစ်စေမည်ဟု လေးနက်စွာ ယုံကြည်မျှော်လင့်မိကြောင်း။
  • ယခုကျင်းပသည့် နှီးနှောဖလှယ်ပွဲကြီးတွင် ကျန်းမာရေးနှင့်သက်ဆိုင်သည့် နယ်ပယ်အသီးသီးက ပြည်တွင်း/ပြည်ပမှ ပါမောက္ခဆရာ ဝန်ကြီးများ၊ ဆေးဘက်ဆိုင်ရာ ပညာရှင်များက မိမိတို့၏ တန်ဖိုးကြီးမားသော ဆေးပညာအတွေ့အကြုံများကို အနာဂတ်ကာလတွင် နိုင်ငံတော်၏ ကျန်းမာရေး စောင့်ရှောက်မှုတာဝန်ကို ပခုံးပြောင်းပြီး တာဝန်ယူကြမည့် မျိုးဆက်သစ် လူငယ်ဆရာဝန်များ၊ ဆေးပညာရှင်များကို လက်ဆင့်ကမ်းပြီး ပညာအမွေ ပေးအပ်ကြမည်ဖြစ်ကြောင်း။
  • ယနေ့ကျင်းပသည့် ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီးမှရရှိ သည့် ပညာရပ်ဆိုင်ရာအတွေ့အကြုံ၊ ဗဟုသုတများ၊ နည်းပညာသစ်များကို သေချာစွာဆန်းစစ်လေ့လာပြီး မြန်မာနိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်မြင့်မားလာစေရန်အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုကြောင်း။
  • တိုင်းရင်းသားပြည်သူအပေါင်း၏ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်သူများ၏ မျှော်မှန်းလူ့သက်တမ်း မြင့်မားလာပြီး လူတိုင်းသက်တမ်းစေ့နေနိုင်ရေး၊ လူတိုင်းရောဂါဘယကင်းရှင်းစေရေး စသည့်ရည်မှန်းချက်များပြည့်မီစေရန်နှင့် ပြည်သူများ၏ ကိုယ်ပိုင်ငွေကြေးထဲမှ စိုက်ထုတ်သုံးစွဲရသည့် ကုန်ကျမှုသက်သာစေပြီး အားလုံးလက်လှမ်းမီ အရည် အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ရပ် ဖြစ်ပေါ်လာစေရေးတို့အတွက် စိတ်ကောင်းစေတနာ၊ မွန်မြတ်စိတ်ထား မေတ္တာတရား အပြည့်ဖြင့် ဝိုင်းဝန်းကြိုးပမ်းပူးပေါင်း ဆောင်ရွက်ကြရန်တိုက်တွန်းပြောကြားလိုကြောင်းဖြင့်ပြောကြားခဲ့။

       နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချူပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်မှတ်တမ်း  (Documentary Video Clip)ကို ကြည့်ရှုပြီးနောက်  ဆေးပညာရပ်ဆိုင်ရာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက်၊ သက်ဆိုင်ရာဦးစီးဌာနများ၏ စွမ်းဆောင်နိုင်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ခဲ့မှု မှတ်တမ်းများကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၃-၂၀၂၃)

 

  • ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် “မြန်မာနိုင်ငံကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီး”ကို “အရည်အသွေး ရှေးရှုကျန်းမာရေး စောင့်ရှောက်မှု ” “Quality Care in Medical Practice” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အရေးပေါ်ကာလ နှစ်နှစ်အတွင်းတွင် ရှေ့လုပ်ငန်းစဉ်အမှတ် (၂) အနေဖြင့် “လတ်တ လောဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆောင် ရွက်သွားမည်”ဆိုသည့် ဦးတည်ချက်နှင့်အညီ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့။
  • လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ ပြည်သူလူထု၏ မျှော်မှန်းသက်တမ်း တိုးတက်မြင့်မားလာစေရေးအတွက် အခြေခံကျန်းမာ‌ရေး စောင့်ရှောက်မှုများကို တိုးမြှင့်‌ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးပညာရှင်များ၏ လုပ် ဆောင်မှုများသာမက သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံး က ပူး‌ပေါင်းပါဝင်ဆောင်ရွက်ကြရန်လို။
  • ပြည်သူ့ဆေးရုံများအား မွမ်းမံပြင်ဆင်ခြင်း၊ အသစ်တိုးချဲ့တည်ဆောက်ခြင်းနှင့် အဆင့်မီ ဆေးကုသမှုများခံယူနိုင်စေရန် ဆေးဝါးများ၊ ခေတ်မီဆေးပစ္စည်းကိရိယာများ စဉ်ဆက်မပြတ်ဖြည့်ဆည်းပေးခြင်းတို့ကိုလည်း နိုင်ငံတော်အနေဖြင့် နှစ်စဉ်ဘတ်ဂျက်များ တိုးမြှင့် လျာထားဆောင်ရွက်ပေးလျက်ရှိ။
  • အရည်အချင်းပြည့်ဝသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဆေးနှင့် ဆေးပညာနှီးနွှယ်က္ကသိုလ် (၁၆) ခု၊ သူနာပြုနှင့် သားဖွားသင်တန်း ကျောင်း(၅၃)ကျောင်းတို့ကို ဖွင့်လှစ်ပြီး သင်ရိုးညွှန်းတမ်းများကို လိုအပ်ချက်နှင့်အညီ ပြုပြင်ပြောင်းလဲပြီး သင်ကြားပေးလျက်ရှိ။
  • ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီးမှရရှိသည့် ပညာရပ်ဆိုင်ရာ အတွေ့ အကြုံ၊ ဗဟုသုတများ၊ နည်းပညာသစ်များကို သေချာစွာဆန်းစစ်လေ့လာပြီး မြန်မာ နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက် မြင့်မားလာစေရန်အတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားလို။

Add new comment