နေပြည်တော် ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ်၌ အခကြေးငွေယူ၍ Passport ပြုလုပ်ပေးသူ အမျိုးသမီးတစ်ဦးအားဖော်ထုတ်ဖမ်းဆီးရမိ

         ၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်တွင် “နေပြည်တော်အသိုင်းအဝိုင်း” Facebook Group “Win Min Thant” Facebook Account ပိုင်ရှင်က “နေပြည်တော် ၈ မြို့နယ် အိမ်ထောင်စုဖြင့် ပတ်စပို့အမျိုးမျိုးကို ယုံကြည်စွာဖြင့်အပ်နှံနိုင်ပါပြီ၊ ဆက်သွယ်ရန် ဖုန်းနံပါတ် 09-422116161” ဟုရေးသားမှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်သွယ်စုံစမ်းခဲ့ရာ-

  • သာမန်မြန်မာနိုင်ငံကူးလက်မှတ်အသစ် (သို့မဟုတ်) သက်တမ်းတိုးလျှောက်ထားမည်ဆိုပါက ၎င်းအား ငွေကျပ် ၂၄၀,၀၀ဝ ပေးချေရမည်ဖြစ်ပြီး လျှောက်ထားသူအနေဖြင့် မှတ်ပုံတင်မိတ္တူနှစ်စုံ၊ အိမ်ထောင်စုစာရင်းမိတ္တူနှစ်စုံ ယူဆောင်လာ၍ ပျဉ်းမနား တရားရုံးအရှေ့ရှိ ၎င်း၏နေအိမ်ဖြစ်သော “ရွှေလဝန်းမိတ္တူ”သို့ စရန် ငွေကျပ် ၁၀၀,၀၀ဝ နှင့်အတူ ယုံကြည်စိတ်ချစွာ လာရောက်အပ်နှံနိုင်ကြောင်း။
  • PJ အမျိုးအစားဖြင့် လျှောက်ထားမည်ဆိုပါက မြို့နယ်အလုပ်သမားရုံးမှ လေဘာကတ်ယူဆောင်လာရမည်ဖြစ်ပြီး အခက်အခဲရှိပါက ငွေကျပ် ၅,၀၀ဝ ထပ်မံပေးရမည်ဖြစ်ကြောင်း။
  • အလုပ်အပ်နှံသည့်နေ့မှစတင်၍ တစ်ပတ်အတွင်း သာမန်မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်စေရန် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်းနှင့် လျှောက်ထားပြီးပါက နှစ်ပတ်အတွင်း စာအုပ်ရရှိမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။

         စုံစမ်းဖော်ထုတ်ချက်အရ ၎င်းချိန်းဆိုသည့် ပျဉ်းမနားမြို့ ပေါင်းလောင်း (၂) ရပ်ကွက်ရှိ ၎င်း၏ဆိုင်သို့ သွားရောက်ဖမ်းဆီးခဲ့ရာ အခကြေးငွေယူ၍ နိုင်ငံကူးလက်မှတ်တစ်ဆင့်ခံ ပြုလုပ်ဆောင်ရွက်ပေးသူ တရားခံဖြစ်သည့် ဝင်းမင်းသန့် (၄၂) နှစ်အား မတ်လ ၉ ရက်တွင် အဆိုပါမိတ္တူဆိုင်၌ ဖမ်းဆီးရမိခဲ့ပြီး ပျဉ်းမနားမြို့မရဲစခန်းတွင် ဥပဒေနှင့်အညီ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၃-၂၀၂၃)

 

  • အခကြေးငွေယူ၍ နိုင်ငံကူးလက်မှတ် တစ်ဆင့်ခံပြုလုပ်ဆောင်ရွက်ပေးသူ “Win Min Thant” Facebook Account ပိုင်ရှင် တရားခံ ဝင်းမင်းသန့်အား ၎င်း၏ နေအိမ်ဖြစ်သော ရွှေလဝန်းမိတ္တူဆိုင်၌ ဖမ်းဆီးရမိခဲ့ပြီး ပျဉ်းမနား မြို့မရဲစခန်းတွင် ဥပဒေနှင့်အညီ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ထားရှိ။

 

 

 

 

 

 

 

 

Add new comment