၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှုအခြေအနေ

        ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်တွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံခြားစာစစ်ဌာန ၅ ခုနှင့် ပြည်တွင်းရှိ မြို့နယ် ၃၀၉ မြို့နယ်တွင် စာစစ်ဌာန ၈၅၈ ခု၊ စာစစ်ဌာန စုစုပေါင်း ၈၆၃ ခု ဖွင့်လှစ်ခဲ့ရာ-

  • စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေစုစုပေါင်း ၁၇၉,၈၄၃ ဦးရှိ။

  • မတ်လ ၈ ရက်၊ စာမေးပွဲပထမနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၆၁,၈၅၁ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်းအနေဖြင့်  ၉၀ ရာခိုင်နှုန်းရှိခဲ့။

  • မတ်လ ၉ ရက်၊ စာမေးပွဲဒုတိယနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၆၁,၆၈၁ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်းအနေဖြင့် ၈၉.၉၀ ရာခိုင်နှုန်းရှိခဲ့။

  • မတ်လ ၁၀ ရက်၊ စာမေးပွဲတတိယနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၆၁,၆၃၃ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်းအနေဖြင့် ၈၉.၈၇ ရာခိုင်နှုန်းရှိခဲ့။

        ကျောင်းသား၊ ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေး ပွဲဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

            ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေး အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက  စနစ် တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၃-၂၀၂၃)

 

  • ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်တွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံခြားစာစစ်ဌာန ၅ ခုနှင့် ပြည်တွင်းရှိ မြို့နယ် ၃၀၉ မြို့နယ်တွင် စာစစ်ဌာန ၈၅၈ ခု၊ စာစစ်ဌာန စုစုပေါင်း ၈၆၃ ခု ဖွင့်လှစ်ခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၇၉,၈၄၃ ဦးရှိ။

  • တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၆၁,၈၅၁ ဦးရှိကာ ဖြေဆိုသူ  ၉၀ ရာခိုင်နှုန်းရှိ။

  • တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၆၁,၆၈၁ ဦးရှိကာ ဖြေဆိုသူ ၈၉.၉၀ ရာခိုင် နှုန်းရှိ။

  • တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၆၁,၆၃၃ ဦးရှိကာ ဖြေဆိုသူ ၈၉.၈၇ ရာခိုင်နှုန်းရှိ။

 

Add new comment