စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ပြည်ပနိုင်ငံများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် စီးပွားရေးသံမှူးများကို မတ်လ ၁၀ ရက်တွင် အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံပြီး အမှာစကားပြောကြားခဲ့ပါသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံမှထွက်ရှိသည့် အဓိကပို့ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ဝေစုပိုမိုရရှိနိုင်ရေး၊ သက်ဆိုင်ရာနိုင်ငံများရှိ အဖွဲ့အစည်းများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ အစိုးရများနှင့် ပူး ပေါင်းဆောင်ရွက်နိုင်ရေး၊ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ရင်းနှီး မြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ရေးနှင့် ပြည်ပနိုင်ငံများ၏ ဈေးကွက်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး စီးပွားရေးသံမှူးများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးနှင့် ကုန်သွယ်မှုကဏ္ဍ တိုးတက်မြင့်မားရေးအတွက် မိမိတို့၏ ကျရာကဏ္ဍအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။
တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် စီးပွားရေးသံမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၃-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီးက ပြည်ပနိုင်ငံများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြ မည့် စီးပွားရေးသံမှူးများနှင့် တွေ့ဆုံရာတွင် မိမိတို့နိုင်ငံမှထွက်ရှိသည့် အဓိက ပို့ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ပိုမိုတိုးမြှင့်တင်ပို့ နိုင်ရေးနှင့် ဈေးကွက်ဝေစုပိုမိုရရှိနိုင်ရေး၊ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံတွင် လာ ရောက်ရင်းနှီးမြှုပ်နှံရေးနှင့် ပြည်ပနိုင်ငံများ၏ ဈေးကွက်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့။
Add new comment