နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များ၏ ခေတ်သစ်ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

     နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များ၏ ခေတ်သစ်ပြုပြင်ပြောင်းလဲ မှုများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၉ ရက်တွင် နေပြည်တော် Grand Amara Hotel ၌ Hybrid ပုံစံဖြင့်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

    ဆွေးနွေးပွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်  ဥပဒေပညာဌာနမှ ပါမောက္ခ ဒေါက်တာ စန်းစန်းလွင်နှင့် Senior International Arbitration Advisor, Dr Kabir Duggal တို့က နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များနှင့် သက်ဆိုင်သည့် အပြည့်အဝအကာအကွယ်ပေးခြင်းနှင့် လုံခြုံမှုရှိစေခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများကို လျော့ကျစေမည့် ပြဋ္ဌာန်းချက်များနှင့် အစိုးရ၏ စည်းမျဉ်းစည်းကမ်း ချပိုင်ခွင့် (Right to Regulate) ကို အားကောင်းစေနိုင်မည့်ကိစ္စရပ်များ စသည့်ခေါင်းစဉ်များဖြင့် နိုင်ငံတကာ သဘောတူစာချုပ်များ၏ Trend တိုးတက်ပြောင်းလဲမှုများကို  မျှဝေဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲကို မတ်လ ၁၀ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၃-၂၀၂၃)

 

  • ဆွေးနွေးပွဲတွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များနှင့် သက်ဆိုင်သည့် အပြည့်အဝအကာအကွယ်ပေးခြင်းနှင့် လုံခြုံမှုရှိစေခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများကို လျော့ကျစေမည့် ပြဋ္ဌာန်းချက်များနှင့် အစိုးရ၏ စည်းမျဉ်းစည်းကမ်း ချပိုင်ခွင့် (Right to Regulate) ကို အားကောင်းစေနိုင်မည့်ကိစ္စရပ်များ စသည့်ခေါင်းစဉ်များဖြင့် နိုင်ငံတကာသဘောတူစာချုပ်များ၏ Trend တိုးတက်ပြောင်းလဲမှုများကို မျှဝေဆွေး နွေးသွားမည်ဖြစ်။

Add new comment