ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန်အတွက် ဦးနှောက်ကျေးရွာ၌ စုဝေးရောက်ရှိနေသည့် အကြမ်းဖက်အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီး

ဇန်နဝါရီလ ၁၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန်အတွက် PDF အမည်ခံ အကြမ်းဖက်သမားအင်အား ၅၀ ဦးခန့်သည် ဦးနှောက်ကျေးရွာ၌ စုဝေးနေကြောင်း ဆူပူအကြမ်းဖက်မှုကိုမလိုလားသည့် ကျေးရွာသားအချို့က ကျေးရွာအနီးဆုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံသို့ လျှို့ဝှက်ဆက်သွယ်သတင်းပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာအတွင်းသို့ ဝင်ရောက်ဖမ်းဆီးစဉ် အကြမ်းဖက်သမားများနှင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ အကြမ်းဖက်သမားများ ကျေးရွာ၏တောင်ဘက်သို့ ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သမား ၅ ဦး အား အသေဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ M4A1 သေနတ် ၁ လက်၊ MK 12 သေနတ် ၁ လက်၊ လက်လုပ်ခါးချိုးသေနတ် ၁၄ လက်၊ လက်လုပ်သေနတ်အတို ၃ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၆ လုံး၊ ကျည်မျိုးစုံ ၁၅၅ တောင့်၊ ကျည်အိမ် ၃ ခု ၊ လမ်းလျှောက်စကားပြော စက် ၂ လုံး၊ ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ Ford အမျိုးအစား မော်တော်ယာဉ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ပါသည်။

အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့တွင်းဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ မတရားသဖြင့်အနိုင်ကျင့်ခံနေရသော ဒေသခံပြည်သူများက အကြမ်းဖက်သမားများအား မလိုလားသဖြင့် ၎င်းတို့၏လှုပ်ရှားမှုသတင်းများအား လျှို့ဝှက်စွာပေးပို့လျက်ရှိရာ  လုံခြုံရေးတပ်ဖွဲ့များက ရရှိသည့်သတင်းများ ပေါ်မူတည်ပြီး ROE နှင့်အညီ နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

  • ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန်အတွက် PDF အမည်ခံ အကြမ်းဖက်သမားများ ဦးနှောက်ကျေးရွာ၌ စုဝေးနေကြောင်း  ကျေးရွာသားအချို့က သတင်းပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်ဖမ်းဆီးခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ အလောင်း ၅ လောင်း၊ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့။
  • အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့တွင်းဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ မတရားသဖြင့်အနိုင်ကျင့်ခံနေရသော ဒေသခံပြည်သူများက အကြမ်းဖက်သမားများအား မလိုလားသဖြင့် ၎င်းတို့၏ လှုပ်ရှားမှုသတင်းများအား လျှို့ဝှက်စွာပေးပို့လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့များက ရရှိသည့်သတင်းများပေါ်မူတည်ပြီး ROE နှင့်အညီ နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ။

 

 

Add new comment