မတ်လ ၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရုံးသာကျေးရွာအနီး ဝက်လက်-ရုံးသာကျေးရွာသွား မြေသားကားလမ်းရှိ သံကူသစ်သားတံတားအား PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် တံတားတစ်စင်းလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး မော်တော်ယာဉ်နှင့် ဆိုင်ကယ်များသွားလာ၍မရသဖြင့် ထိုသို့ အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့်တံတားကို တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင်အဆောက်အဦများ၊ ပြည်သူပိုင်အိုးအိမ်များကို ဖျက်ဆီးလျက်ရှိသည့်အပြင် ယခုကဲ့သို့ လမ်းတံတားများအား ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးမှုများကြောင့် ပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများနှင့် ကြုံတွေ့နေရသည့်အတွက် ၎င်းတို့အား ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်လျက်ရှိပါသည်။
အများပြည်သူ ဖြတ်သန်းသွားလာ အသုံးပြုလျက်ရှိသည့်တံတားကို မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၃-၂၀၂၃)
- စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရုံးသာကျေးရွာအနီး ဝက်လက်-ရုံးသာ ကျေးရွာသွားကားလမ်းရှိ သံကူသစ်သားတံတားအား PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် တံတားတစ်စင်းလုံး မီး လောင်ပျက်စီးဆုံးရှုံးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲလျက်ရှိ။
Add new comment