နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများဆွေးနွေး

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ UNOCHA ရုံးအကြီး အကဲ Mr. David Carden ဦးဆောင်သောအဖွဲ့အား မတ်လ ၉ ရက်တွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

     တွေ့ဆုံစဉ် Mr. David Carden က မြန်မာနိုင်ငံရှိ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာရရှိရေးနှင့် လူသားချင်းစာနာမှုအကူအညီပေးအပ်နိုင်ရေးကိစ္စ၊ အဖွဲ့အစည်းမှတ်ပုံ တင်ရေးကိစ္စ၊ UNOCHA နှင့် ဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးတင်ပြခဲ့ပါ သည်။

      ပြည်ထောင်စုဝန်ကြီးက အသင်းအဖွဲ့မှတ်ပုံတင်ရန် ဝန်ကြီးဌာနက ထောက်ခံနိုင်မည့်ကိစ္စ၊ နားလည်မှုစာချွန်လွှာရှိပြီးပါက ဝန်ကြီးဌာနက ပြည်ဝင်ဗီဇာနှင့် ခရီးသွားလာခွင့်၊ ထောက်ခံချက်ပေးရန်ကိစ္စ၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်   အာဆီယံ (AHA Centre)၊ အိန္ဒိယနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ပေးအပ်နေသည့်အကူအညီများနှင့် စီမံကိန်းဆိုင်ရာကိစ္စ၊ UNOCHA မှ ထုတ်ပြန်သည့် Humanitarian Response Plan 2023 တို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၃-၂၀၂၃)

 

  • Mr. David Carden က မြန်မာနိုင်ငံရှိ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာရရှိရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးအပ်နိုင်ရေးကိစ္စ၊ အဖွဲ့အစည်းမှတ်ပုံတင်ရေးကိစ္စ၊ UNOCHA နှင့် ဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာအရ ပူးပေါင်း ဆောင်ရွက်မှုကို ဆွေးနွေးတင်ပြခဲ့။
  • ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများ၊ ရခိုင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်   အာဆီယံ (AHA Centre)၊ အိန္ဒိယနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ပေးအပ်နေသည့်အကူအညီများနှင့် စီမံကိန်းဆိုင်ရာကိစ္စ၊ UNOCHA မှ ထုတ်ပြန်သည့် Humanitarian Response Plan 2023 တို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment