ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ICRC မှ ကိုယ်စားလှယ်များအားလက်ခံတွေ့ဆုံဆွေးနွေး

       ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် The International Committee of the Red Cross (ICRC) မှ လုပ်ငန်းလည်ပတ်မှုဆိုင်ရာညွှန်ကြားရေးမှူး (Director of Operations) Mr. Martin Schuepp၊ အာရှ-ပစိဖိတ် ဒေသဆိုင်ရာညွှန်ကြားရေးမှူး Ms. Christine Cipolla၊ ICRC Resident representative, Ms. Elean Ajmone Sessera ကိုယ်စားလှယ်အဖွဲ့ကို မတ်လ ၉ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

     တွေ့ဆုံစဉ် ICRC မှ လက်ရှိပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများအား အမှန်တကယ် အကူအညီ    လိုအပ်သည့်သူများထံသို့ ရောက်ရှိစေရေးကိစ္စရပ်များ၊ ICRC ၏ ဝန်ထမ်းရေးရာနှင့် ဘဏ္ဍာငွေထုတ်ယူသုံးစွဲမှုကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၃-၂၀၂၃)

 

  • ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ICRC မှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ၍ မြန်မာ နိုင်ငံအတွင်း ဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအား အမှန်တကယ် အကူ အညီလိုအပ်သည့်သူများထံသို့ ရောက်ရှိစေရေးကိစ္စရပ်များ၊ ICRC ၏ ဝန်ထမ်းရေးရာနှင့် ဘဏ္ဍာငွေထုတ်ယူ သုံးစွဲမှုကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။

Add new comment