(၇၈) နှစ်မြောက် တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၉ ရက်တွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက (၇၈) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့ ကော်မတီများမှ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီးနောက် သက်ဆိုင်ရာကော်မတီများနှင့် လုပ်ငန်းအဖွဲ့များမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၃-၂၀၂၃)
- တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား (၇၈) နှစ်မြောက် တပ်မတော်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများနှင့် လုပ်ငန်းအဖွဲ့များမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို အသေးစိတ်ရှင်းလင်းတင် ပြခဲ့။
Add new comment