၂၀၂၃-၂၀၂၄ ဘဏ္ဍရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို မတ်လ ၉ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဆွေးနွေးရာတွင်-
- အသုံးစရိတ်နှင့်ပတ်သက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ရရှိနိုင်မည့် ရငွေအပေါ်မူတည်ခွဲဝေလျာထားရမည်ဖြစ်ပြီး ဘတ်ဂျက်လိုငွေ အခြေအနေကိုလည်း သင့်တင့်လျောက်ပတ်စွာထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်သဖြင့် သုံးသင့်သုံးထိုက်သည့်အသုံးစရိတ်များနှင့် မသုံးသင့်မသုံးထိုက်သည့်အသုံးစရိတ်များကို စိစစ်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း။
- လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေမည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအသုံးစရိတ်များ၊ ပြည်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် စားရေရိက္ခာဖူလုံစေရေးအတွက် အထောက် အကူဖြစ်စေမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်နှင့်စွမ်း အင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ အသုံးစရိတ်များကို ဦးစားပေးအစီအစဉ်များအလိုက် ခွင့်ပြုပေးသွားရမည်ဖြစ်ကြောင်း။
- စက်သုံးဆီသုံးစွဲမှုနှင့်ပတ်သက်၍ စက်သုံးဆီများသည် ပြည်ပမှ မှာယူတင်သွင်းရပြီး စျေးနှုန်းကြီးမြင့်သည့် အတွက် နိုင်ငံခြားငွေသုံးစွဲမှုလျော့နည်းစေရန်နှင့် အသုံးစရိတ်များမြင့်မားမှုကို ရှောင်ရှားသည့်အနေဖြင့် စက်သုံးဆီသုံးစွဲမှုများကို တတ်နိုင်သမျှလျှော့ချသုံးစွဲသွားကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့။
အစည်းအဝေးတွင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများမှ ရေးဆွဲတင်ပြလာသော ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အရအသုံး ခန့်မှန်းခြေငွေစာရင်းများကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ်ပြီးဖြစ်သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများကိုလည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက ရငွေ၊ သုံးငွေစာရင်းများနှင့်စပ်လျဉ်း၍ စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၃-၂၀၂၃)
- အသုံးစရိတ်နှင့်ပတ်သက်၍ သုံးသင့်သုံးထိုက်သည့်အသုံးစရိတ်များနှင့် မသုံးသင့်မသုံးထိုက်သည့်အသုံးစရိတ်များကို စိစစ်ဆောင်ရွက်သွားရမည်ဖြစ်။
- ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအသုံးစရိတ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လမ်း ပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ အသုံး စရိတ်များကို ဦးစားပေးအစီအစဉ်များအလိုက် ခွင့်ပြုပေးသွားရမည်ဖြစ်။
Add new comment