ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-
· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၁၀ ရက်တွင် တတိယအကြိမ်အဖြစ် ၄၇၆ ဦးအားလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၁၄၀,၆၀၆ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၄၆,၄၇၅ ဦးအား လည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဇန်နဝါရီလ ၁၀ ရက်တွင် ဒုတိယအကြိမ်အဖြစ် ၁၁,၂၆၇ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ၃,၁၁၇ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဇန်နဝါရီလ ၁၀ ရက်အထိ ကျောင်းသား/သူစုစုပေါင်း ၁,၅၁၄,၅၈၈ ဦးကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
· ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ ဘင်္ဂါလီများနှင့် IDPs စခန်း၌ ခိုလှုံနေကြသည့် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ။
· ထားဝယ်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ဆရာဝန်များ၊ သူနာပြုများ၊ ကြက်ခြေနီအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၂၅ သိန်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့။
· စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပြည်သူ့ဆေးရုံဝင်း၌ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် တည်ဆောက်ခဲ့သော ၁ ရက်လျှင် လီတာ ၄၀ ဝင် အောက်ဆီဂျင်အိုး အလုံး ၈၀ ထုတ်လုပ်ပေးနိုင်သည့် အောက်ဆီဂျင်စက်ရုံကို သက်ဆိုင်ရာတာဝန်ရှိသူ များက ဇန်နဝါရီလ ၁၀ ရက်တွင် ဖွင့်လှစ်ပေးခဲ့။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၁၀ ရက်တွင် ဓာတ်ခွဲနမူနာစုစု ပေါင်း ၈,၈၃၂ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၅ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၁.၂၀ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၁၀-၁-၂၀၂၂ ရက် အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၁၄၀,၆၀၈ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၂,၁၆၇ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၉၃ ဦးရှိကြောင်း သိရှိရပါသည်။
- တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၁၀ ရက်တွင် တတိယအကြိမ်အဖြစ် ၄၇၆ ဦးအားလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၁၄၀,၆၀၆ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၄၆,၄၇၅ ဦးအားလည်းကောင်း ကာကွယ်ဆေး ထိုးနှံပေးခဲ့။
- ၁၀-၁-၂၀၂၂ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ စုစုပေါင်း ၁,၅၁၄,၅၈၈ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
- ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ ဘင်္ဂါလီများနှင့် IDPs စခန်း၌ ခိုလှုံနေကြသည့် ၁၈ နှစ်နှင့်အထက် ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ။
Add new comment