ဘုရားဖူးယာဉ်တစ်စင်းအား PDF အကြမ်းဖက်သမားများကမိုင်းထောင်ဖောက်ခွဲ

         မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ရွှေစာရံဘုရားသို့ ဘုရားဖူးသွားရောက်ဖူးမြော်ကြည်ညိုပြီး ပြန်လည်ထွက်ခွာလာသည့် ဘုရားဖူးယာဉ်အား မတ်လ ၇ ရက်တွင် PDF အကြမ်းဖက်သမားများက  လက်လုပ်အဝေးထိန်းမိုင်း ၁ လုံးဖြင့် ဖောက်ခွဲပြီး  လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မော်တော်ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသား ၁ ဦး၊ အမျိုး သမီး ၁ ဦးနှင့် အသက် (၆) နှစ်အရွယ် ကလေးငယ် ၁ ဦးတို့ မိုင်းစထိမှန်ဒဏ်ရာ၊ ကျည်ထိမှန်ဒဏ်ရာများဖြင့် နေရာတွင်သေဆုံးခဲ့ပြီး  ကျန်အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါသည်။

         NUG CRPH အကြမ်းဖက်အဖွဲ့များသည် နိုင်ငံအနှံ့အပြားရှိ ဘုရားကျောင်းကန်များ၊ အပန်းဖြေစခန်းများတွင် အများပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် အေးချမ်းပျော်ရွှင်စွာ ဘုရားဖူးခြင်း၊ အပန်းဖြေအနားယူနေခြင်းတို့အပေါ် မရှုဆိတ်သော အောက်တန်းကျသည့်စိတ်ဓာတ်ဖြင့် အဖျက်အမှောင့်လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ထင်ရှားပေါ် လွင်ပါသည်။ အကြမ်းဖက်အဖွဲ့များသည် ယခုကဲ့သို့ ဘုရားဖူးယာဉ်များအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနှောက်ယှက်တိုက် ခိုက်မှုများသည် အပြစ်မဲ့ပြည်သူများ၏ အသက်အန္တရာယ်ကို သေစေနိုင်သည့် အကြမ်းဖက်မှုလုပ်ရပ်များဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါသည်။

         အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးနှင့် ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၃-၂၀၂၃)

 

  • မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ရွှေစာရံဘုရားသို့ ဘုရားဖူးသွားရောက်ဖူးမြော်ကြည်ညိုပြီး ပြန် လည်ထွက်ခွာလာသည့် ဘုရားဖူးယာဉ်အား PDF အကြမ်းဖက်သမားများက လက်လုပ်အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲ၍ လက်နက်ငယ်များဖြင့်  ပစ်ခတ်တိုက်ခိုက်သည့်အတွက် အသက် (၆) နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့။

 

 

 

 

 

 

 

 

 

 

Add new comment