တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာစာသင်ကျောင်းသို့ PDF အကြမ်းဖက်သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်

         မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအား မတ်လ ၈ ရက်တွင် PDF အကြမ်းဖက်သမားများက Drone ယာဉ် ၁ စင်းဖြင့် Drop Bomb ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကျောင်းအုပ်ကြီးရုံးခန်းရှေ့ရှိ မြေကွက်လပ်နှင့် ကျောင်းအုတ်တံတိုင်းရှေ့၌ ကျရောက်ပေါက်ကွဲခဲ့ပြီး လူ၊ အဆောက်အဦ ထိခိုက်ပျက်ဆီးမှုမရှိကြောင်း သိရှိရပါသည်။

    ထို့ပြင် ယခင်ကလည်း PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ ကျေးရွာများနှင့် လူနေအဆောက်အဦများအား လက်လုပ်စိန်ပြောင်းများဖြင့် မဆင်မခြင်ပစ်ခတ်ခြင်း၊ Drone များအသုံးပြု၍ ဗုံးကျဲချခြင်းများလုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူအချို့နှင့် ကလေးငယ်များ သေဆုံး/ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အများအပြားရှိပါသည်။

         ထိုသို့ဆင်ခြင်တုံတရားမဲ့စွာ အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်နေသော PDF အမည်ခံအကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ညမပြတ်လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။       

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၃-၂၀၂၃)

 

  • တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအား PDF အကြမ်းဖက်သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်းအုပ်ကြီးရုံးခန်းရှေ့ရှိ မြေကွက်လပ်နှင့် ကျောင်းအုတ်တံတိုင်းရှေ့၌ ကျရောက်ပေါက်ကွဲခဲ့။

 

 

 

 

 

 

 

 

 

 

Add new comment