၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှုအခြေအနေ

         ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ကို မတ်လ ၈ ရက်တွင် စတင်ကျင်းပခဲ့ရာ နိုင်ငံခြားစာစစ်ဌာန ၅ ခုနှင့် ပြည်တွင်းရှိ မြို့နယ် ၃၀၉ မြို့နယ်တွင် စာစစ်ဌာန ၈၅၈ ခု၊ စာစစ်ဌာန စုစုပေါင်း ၈၆၃ ခု ဖွင့်လှစ်ခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၇၉,၈၄၃ ဦးရှိပြီး စာမေးပွဲပထမနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာစာဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၆၁,၈၅၁ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်းအနေဖြင့်  ၉၀ ရာခိုင်နှုန်းရှိခဲ့ပါသည်။

        ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၆)  အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်းများသို့သွားရောက်၍ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးအားပေးကာ စာ မေးပွဲဖြေဆိုမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

        ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေး အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက  စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၃-၂၀၂၃)

 

  • ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ကို မတ်လ ၈ ရက်တွင် စတင်ကျင်းပခဲ့ရာ နိုင်ငံခြားစာစစ်ဌာန ၅ ခုနှင့် ပြည်တွင်းရှိ မြို့နယ် ၃၀၉ မြို့နယ်တွင် စာစစ် ဌာန ၈၅၈ ခု၊ စာစစ်ဌာန စုစုပေါင်း ၈၆၃ ခု ဖွင့်လှစ်ဖြေဆိုခဲ့။

  • စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၇၉,၈၄၃ ဦးရှိပြီး စာမေးပွဲ ပထမနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာစာဘာသာရပ်လာရောက် ဖြေဆိုသူ စုစုပေါင်း ၁၆၁,၈၅၁ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်းအနေဖြင့်  ၉၀ ရာခိုင် နှုန်းရှိခဲ့။

Add new comment