ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် တောင်ကြီးမြို့နှင့် ရပ်စောက်မြို့နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဇန်နဝါရီလ ၉ ရက်တွင်-

· တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသရှိ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Shan Yoma Cem-ent Co.,Ltd ၏ တစ်နေ့လျှင် တန်(၁၀၀၀)ကျ စက်ရုံတည်ဆောက်ပြီး ဘိလပ်မြေထုတ်လုပ်မှုများကိုလည်းကောင်း၊ စက်ရုံဝင်းအတွင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ထောပတ်သီးစိုက်ခင်းနှင့် ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူများ စုပေါင်းဆောင်ရွက်လျက်ရှိသည့်  ထောပတ်သီးဆေးကြောသန့်စင်၊ ထုတ်ပိုးမှုစက်ရုံသို့လည်းကောင်း သွားရောက်ခဲ့။

·  ရပ်စောက်မြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာရှိ Unique Lawksawk Mango Public Co., Ltd. ၏ သရက်သီးသန့်စင်ထုတ်ပိုးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ သရက်သီးစိုက်တောင်သူများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ သရက်သီးအပြင်အခြားဈေးကွက်ဝင်သီးနှံများကိုပါ အဆင့်မီထုတ်ပိုးဈေးကွက်တင်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့။

· ဇန်ဝါရီလ ၁၀ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး  နိုင်ငံရေးအပြောင်းအလဲတွင် နိုင်ငံ၏စီးပွားရေးထိခိုက်မှုမရှိစေရေးအတွက် နိုင်ငံတော်အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး လက်တွဲပြီး ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

 အခမ်းအနားသို့ ရှမ်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ၊  ဒုတိယဥက္ကဋ္ဌများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး စီးပွားရေးလုပ်ငန်းရှင်များက လုပ်ကိုင်ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများ၊ နိုင်ငံတော်အစိုးရက ပံ့ပိုးကူညီပေးရန် လိုအပ်သည့်အချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးခဲ့ကြပါသည်။

  • တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသရှိ Shan Yoma Cement Co.,Ltd ၏ တနေ့လျှင် တန်(၁,၀၀၀)ကျ စက်ရုံတည် ဆောက်ပြီး ဘိလပ်မြေထုတ်လုပ်ခြင်းသို့လည်းကောင်း၊ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူများ၏ ထောပတ်သီး ဆေးကြောသန့်စင်ထုတ်ပိုးမှု စက်ရုံသို့လည်းကောင်း၊ ရပ်စောက်မြို့နယ်၊ ကြာအင်းကျေးရွာရှိ Unique Lawksawk Mango Public Co., Ltd. ၏ သရက်သီးသန့်စင်ထုတ်ပိုးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း သွားရောက်စစ်ဆေးခဲ့။
  • နိုင်ငံရေးအပြောင်းအလဲတွင် နိုင်ငံ၏စီးပွားရေးထိခိုက်မှုမရှိစေရေးအတွက် နိုင်ငံတော်အစိုးရနှင့် စီးပွားရေးလုပ်ငန်း ရှင်များအားလုံးလက်တွဲပြီး ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့။

Add new comment