“ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများ” ဆွေးနွေးပွဲအခမ်းအနားသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

       International Anti-Corruption Academy (IACA) က ကြီးမှူးကျင်းပသည့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Mr. Jeffery D. Sachs ၏ “ကုလသမဂ္ဂစဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများ” ဆွေးနွေးပွဲကို မတ်လ ၆ ရက်တွင် Hybrid Format ဖြင့်ကျင်းပရာ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်‌ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်၍ ကိုယ်စားလှယ်ခုနစ်ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

       ဆွေးနွေးပွဲတွင်-

  • ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များတွင် ပန်းတိုင် ၁၇ ချက်ရှိပြီး Target မှာ ၁၆၉ ခု ရှိကြောင်း၊ SDG Goals ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ မည်သည့်အုပ်စု၊ မည်သည့်လူမျိုးမှ နောက်တွင်မကျန်ရှိရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် စသည့် အခြေခံအချက်များကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို အကောင်အထည်ဖော်ရာတွင် ထိရောက်ကောင်းမွန်သည့် အစီအမံများရေးဆွဲထားခြင်း၊ လုံလောက်သော ဘဏ္ဍာရန်ပုံငွေ ခွဲဝေသတ်မှတ်ပေးခြင်းနှင့် ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များရယူခြင်းတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့။

       အခမ်းအနားသို့ IACA က ဖွင့်လှစ်ခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး Master Programme များနှင့် သင်တန်းများသို့ တက်ရောက်ခဲ့သော သင်တန်းသားဟောင်းများအပါအဝင် နယ်ပယ်အသီးသီးမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကျွမ်းကျင်ပညာရှင်များ စုစုပေါင်း ၁၂၂ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၃-၂၀၂၃)

 

  • ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များတွင် ပန်းတိုင် ၁၇ ချက်ရှိပြီး Target မှာ ၁၆၉ ခု ရှိ။

  • စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို အကောင်အထည်ဖော်ရာတွင် ထိရောက်ကောင်းမွန်သည့် အစီအမံများရေးဆွဲထားခြင်း၊ လုံလောက်သော ဘဏ္ဍာရန်ပုံငွေ ခွဲဝေသတ်မှတ်ပေးခြင်းနှင့် ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များရယူခြင်းတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လို အပ်ပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများလည်း လိုအပ်။

Add new comment