ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဂီနီဘစ်ဆောသမ္မတနိုင်ငံတို့အကြား သံတမန်အဆက်အသွယ်ထူထောင်

      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဂီနီဘစ်ဆောသမ္မတနိုင်ငံတို့အကြား သံတမန်အဆက်အသွယ်ထူထောင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ ဂီနီဘစ်ဆောသံအမတ်ကြီး H.E Mr.Antonio Serifo Embalo တို့က ၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်တွင် ပေကျင်းမြို့၊ မြန်မာသံရုံး၌ လက်မှတ်ရေထိုးခဲ့ပါသည်။

    ဂီနီဘစ်ဆောသမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ ၁၂၆ နိုင်ငံမြောက် သံတမန်အဆက်အသွယ်ထူထောင်သည့်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၃-၂၀၂၃)

 

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဂီနီဘစ်ဆောသမ္မတနိုင်ငံတို့သည် ၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်မှစ၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ်ထူထောင်ခဲ့ပြီး ဂီနီဘစ်ဆောသမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ ၁၂၆ နိုင်ငံမြောက် သံတမန်အဆက်အသွယ် ထူထောင်သည့်နိုင်ငံဖြစ်လာ။

Add new comment