နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၇ ရက်တွင် ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

    တာဝန်ရှိသူများနှင့် တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင်များက MSME လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်မေးမြန်းဆွေးနွေးပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

       ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင်-

  • အစားအသောက် ထုတ်ကုန်များနှင့်ပတ်သက်၍ FDA စည်းကမ်း၊ ခွင့်ပြုချက်များ ရရှိရန်လိုအပ်ပြီး မိမိထုတ် လုပ်သည့် စားသောက်ကုန်များ၏ အရည်အသွေးမပြည့်မီ မှုများကြောင့် စားသုံးသူများ ဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး လိုအပ်သည့် စစ်ဆေးမှုများကို စနစ်တကျဖြင့် ခံယူပြီးမှသာ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးကြရမည် ဖြစ်ကြောင်း။
  • စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းသည် ခိုင်မာပြီးသေချာမှုရှိသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံသော စက်မှုလုပ်ငန်းများကို ဆောင်ရွက်ရန် လိုကြောင်း။
  • မြန်မာနိုင်ငံတွင် နို့နှင့်နို့ထွက်ပစ္စည်းများကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရပြီး နို့စားနွားမွေးမြူရေးလုပ်ငန်းများကို ပြည်တွင်း၌ စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှ တင်သွင်းနေရမှုများ များစွာလျော့ကျသွားမည်ဖြစ်ကာ နိုင်ငံခြားငွေသုံးစွဲနေရမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း။
  • ရှမ်းပြည်နယ်သည် နွားမွေးမြူရေး၊ ဝက်နှင့် ကြက်မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် အခြေခံကောင်းများရှိသည့်ဒေသဖြစ်ရာ နို့စားနွားမွေးမြူရေးလုပ်ငန်းများကိုပါအောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်နိုင်မည်ဆိုပါက နို့ထွက်ပစ္စည်းအများဆုံးထုတ်လုပ်နိုင်သည့် ပြည်နယ်တစ်ခုဖြစ်လာမည်ဖြစ်ပြီး နိုင်ငံ အတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။
  • ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်မှုကြောင့် စားရေးအခက်အခဲများ ဖြစ်ပေါ်ခဲ့ချိန်တွင် ရှမ်း ပြည်နယ်(တောင်ပိုင်း) အေးသာယာမွေးမြူရေးဇုန်မှ တစ်နိုင်ငံလုံးသို့ ကြက်ဥများ ဖြန့်ဖြူးပေးခဲ့သည့်အတွက် ပြည်သူလူထု၏စားရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်ပေါ်စေခဲ့သည့်အတွက်လည်း ကျေးဇူး တင်ရှိကြောင်း။
  • ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ထွက်ရှိသည့် သစ်သီးဝလံများနှင့် အသားများကို ကျယ်ကျယ်ပြန့်ပြန့်တင်ပို့ရောင်း ချနိုင်ရန်အတွက် ဟဲဟိုးလေယာဉ်ကွင်းကို တိုးချဲ့ ဆောင်ရွက်လျက်ရှိကြောင်း။
  • စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မြေဩဇာများရရှိရေးအတွက်လည်း ဒေသတွင်းမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိထားသည့် ဇီဝမြေဩဇာများကို အကျိုးရှိရှိအသုံးချမည်ဆိုပါက တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
  • စပါးစိုက်ပျိုးရေးနှင့်ပတ်သက်၍ Eating quality ကောင်းမွန်သည့် စပါးမျိုးများ စိုက်ပျိုးရန်လိုကြောင်း။
  • MSME လုပ်ငန်းများကို အားပေးဆောင်ရွက်နေရခြင်းမှာ တိုင်းပြည်၏ စီးပွားရေး မြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရန်နှင့် ပြည်ပသို့ ပြည်တွင်းထုတ်ကုန်များ တင်ပို့နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင် ရွက်နေခြင်းဖြစ်ကြောင်း။
  • ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ သမဝါယမစနစ်ကိုကျင့်သုံးခြင်းဖြင့် လုပ်ငန်းများဆောင်ရွက်မှုကို ပိုမိုတိုးတက်စေမည်ဖြစ်ပြီး စုပေါင်းသမဝါယမစနစ်ကိုကျင့်သုံး၍ ဆောင်ရွက်ကြရန်လိုကြောင်း။
  • အရင်းအနှီးမတည်ငွေများနှင့်ပတ်သက်၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေများရယူရာတွင်လည်း မိမိတို့တတ်နိုင်သလောက်သာ ချေးယူရန်လိုကြောင်း။
  • ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးရန်မှာ အစိုးရ၏တာဝန်ဖြစ်ပြီး လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သည် တစ်ဦးချင်း၏ ကြိုးစားအားထုတ်မှုဖြင့်သာ သက်ဆိုင်သည်ဖြစ်သဖြင့် အခြေခံလိုအပ်ချက်ဖြစ်သည့် ပညာရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း။
  • ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ တောင်ကြီးမြို့တွင် မီးပုံးပျံပွဲကို အစဉ်အလာဖြင့် နှစ်စဉ်ကျင်းပလျက်ရှိပြီး ပြည်တွင်းပြည်ပမှ စိတ်ဝင်စားသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း၊ အင်းလေးဒေသသည်လည်း ပြည်တွင်းပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် နေရာဒေသတစ်ခုဖြစ်ကြောင်း။
  • ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ ကလော၊ အောင်ပန်းဒေသကို ကျန်းမာရေးစောင့်ရှောက်မှုဒေသအဖြစ် ဆောင်ရွက်ရန်ရည်မှန်းထားကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

     ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ စသည့်ထုတ် ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ကြောင်း သိရှိရပါ သည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၃-၂၀၂၃)

 

  • စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းသည် ခိုင်မာပြီးသေချာမှုရှိသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံသော စက်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လို။
  • ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ထွက်ရှိသည့် သစ်သီးဝလံများနှင့်အသားများကို ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်းချနိုင်ရန်အတွက် ဟဲဟိုးလေယာဉ်ကွင်းကို တိုးချဲ့ ဆောင်ရွက်လျက်ရှိ။
  • စပါးစိုက်ပျိုးရေးနှင့်ပတ်သက်၍ Eating quality ကောင်းမွန်သည့် စပါးမျိုးများ စိုက်ပျိုးရန်လို။
  • MSME လုပ်ငန်းများကို အားပေးဆောင်ရွက်နေရခြင်းမှာ တိုင်းပြည်၏စီးပွားရေး မြှင့်တင်ရန်၊ ပြည်ပသွင်း ကုန်များ အစားထိုးနိုင်ရန်နှင့် ပြည်ပသို့ ပြည်တွင်းထုတ်ကုန်များ တင်ပို့နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်။
  • သမဝါယမစနစ်ကို ကျင့်သုံးခြင်းဖြင့် လုပ်ငန်းများဆောင်ရွက်မှုကို ပိုမိုတိုးတက်စေမည်ဖြစ်ပြီး စုပေါင်းသမဝါယမစနစ်ကို ကျင့်သုံး၍ ဆောင်ရွက်ကြရန်လို။
  • ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးရန်မှာ အစိုးရ၏တာဝန်ဖြစ်ပြီး လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သည် တစ်ဦးချင်း၏ ကြိုးစားအားထုတ်မှုဖြင့်သာ သက်ဆိုင်သည်ဖြစ်သဖြင့် အခြေခံလိုအပ်ချက်ဖြစ်သည့် ပညာရေးကို အားပေးဆောင်ရွက်ကြစေလို။

Add new comment