နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့်သင်တန်းသားအရာရှိကြီးများအားတွေ့ဆုံအမှာစကားပြောကြား

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား မတ်လ ၆ ရက်တွင် ကလောတပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။

 အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင်-

  • သင်တန်းများတွင် ရလာဒ်ကောင်းမွန်ရေးအတွက် တစ်ဦးချင်းစီ၏ ကြိုးစား အားထုတ်မှုများ လိုအပ်မည်ဖြစ်ပြီး လူသားတိုင်းသည် မျှော်လင့်ချက်၊ ရည်ရွယ်ချက်များကိုယ်စီရှိကြကြောင်း။
  • ငယ်စဉ်ကတည်းကပင် တစ်ဦးချင်းစီအလိုက် မျှော်မှန်းချက်များရှိကြပြီး မိမိတို့၏ မျှော်မှန်းချက်များ မပျောက် ပျက်စေရေး စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်း။
  • တစ်ဆင့်မြင့် ရာထူးတာဝန်များကို ထမ်းဆောင်ရမည့်အချိန်တွင် လုပ်ဆောင်နိုင်မည့်အရာများ၊ လုပ်ဆောင်သင့်သည်များကို မှတ်စုရေးမှတ်ထားရှိတတ်သည့် အလေ့အကျင့်ကောင်း မွေးမြူရန်နှင့် အမှန်တကယ်တာဝန်ထမ်း‌ ဆောင်ရသည့်အချိန်တွင် မိမိမှတ်သားထားသည်များနှင့် ချိန်ထိုးသုံးသပ်လုပ်ဆောင်ပါက အခက်အခဲမရှိ တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။
  • သင်တန်းသားအရာရှိကြီးများအားလုံးသည် တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်နိုင်သည့်အရာရှိကြီးများဖြစ်ကြသည့်နည်းတူ သင်တန်းဆင်းပြီးပါက မိမိဦးဆောင်ရသည့် တပ်ရင်းတပ်ဖွဲ့များကို ပိုမိုတိုးတက်အောင် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို ယခုသင်တန်းမှသင်ကြားခဲ့ရသည့် ပညာရပ်များဖြင့် ချိန်ထိုးဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • စစ်ဦးစီးတက္ကသိုလ်သည် လက်ရုံးရည်၊ နှလုံးရည်ဖြင့်ပြည့်ဝသည့် အရာရှိကြီးများကို မွေးထုတ်ပေးလျက်ရှိပြီး ဗျူဟာမှူးကောင်း၊ ဦးစီးအရာရှိကောင်းများဖြစ်အောင် လေ့ကျင့်မွေးထုတ်ပေးခြင်းဖြစ်ကြောင်း။
  • မည်သည့်အလုပ်ကို ဆောင်ရွက်သည်ဖြစ်စေ လုပ်ဆောင်နိုင်သည့်အားတစ်ခုလိုပြီး ခေါင်းဆောင်မှုစွမ်းပကား၊ လုပ်နိုင်သည့်စွမ်းပကားများရှိရန်လိုကြောင်း။
  • ခေါင်းဆောင်မှုစွမ်းပကားတွင် စဉ်းစားဆောင်ရွက်ရသည့် စွမ်းအားလိုအပ်ပြီး လက်အောက်ကို စုစည်းသည့်အားရရှိအောင် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း။
  • မိမိလက်အောက်ရှိ တပ်အင်အားစုကို စွမ်းရည်ရှိအောင် မည်ကဲ့သို့ စုဖွဲ့မည်ကို စဉ်းစားဆောင်ရွက်ရမည်ဖြစ် ကြောင်း။
  • စစ်သည်တစ်ဦးချင်းစီအား အဆင့်နှင့်လျော်ညီသည့်လုပ်ငန်းတာဝန်များကို လူမှန်နေရာမှန်တာဝန်ပေးအပ်နိုင်ရမည်ဖြစ်ပြီး တစ်ဦးချင်း၏ အရည်အချင်းများပြည့်ဝနေစေရေး အမြဲမပြတ်လေ့ကျင့်ပေးနေရမည်ဖြစ်ကြောင်း။
  • မိမိတို့တပ်ရှိ စစ်သည်များ လေ့ကျင့်သားပြည့်ဝလာစေရန် မှန်ကန်သည့် လေ့ကျင့်သင်ကြားမှုများကို ဆောင် ရွက်ပေးရန်လိုကြောင်း။
  • လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ်တို့ဖြင့် မိမိတို့ ဦးဆောင်ရသည့်တပ်ကို စွမ်းရည်ရှိပြီး စနစ်ကျသည့် တပ်များဖြစ်အောင် တည်ဆောက်ရန်လိုကြောင်း။
  • စစ်သည်တစ်ဦးချင်း နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်နှင့် ဝတ္တရားများကို မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်စေခြင်းဖြင့် အမြဲမပြတ်လေ့ကျင့်ပေးနေရန်လိုကြောင်း။
  • တပ်မတော်သားများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် ရိက္ခာများကို သတ်မှတ်နှုန်းထားများအလိုက် ထုတ်ပေးလျက်ရှိသဖြင့် စစ်သည်များအနေဖြင့် ပြည့်ဝစွာစားသုံးရန်လိုကြောင်း။
  • ကွပ်ကဲကြပ်မတ်ရသည့် တပ်မှူးများအနေဖြင့်လည်း စစ်သည်တစ်ဦးချင်း၊ မိသားစုတစ်စုချင်း ရပိုင်ခွင့်များနှင့် ရသင့်ရထိုက်သည်များပြည့်ဝစွာ ရရှိစေရေး ကြပ်မတ်ဆောင်ရွက်ပေးရန်လိုကြောင်း။
  • တပ်၏သက်ချောင်ချိရေးလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြစ်အောင် ဆောင်ရွက်ပေးရန်လိုပြီး ငွေကြေးသုံးစွဲမှုများ မှန်ကန်မှုရှိစေရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း။
  • စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အကျိုးအမြတ်ကို အဓိကမထားဘဲ စစ်သည်များနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက်သာ ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်သောကြောင့် ဦးစားပေးအောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း။
  • အသောက်အစားအပျော်အပါးမှတစ်ဆင့် မိမိကိုယ်တိုင်နှင့် မိမိဦးဆောင်ရသည့် တပ်၏စွမ်းရည်ကိုထိခိုက်နိုင်သဖြင့် မိမိကိုယ်တိုင်နှင့် လက်အောက်ရှိ အရာရှိ၊ စစ်သည်များ၏ အသောက်အစား အပျော်အပါးလိုက်စားမှုများကို တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း။
  • မည်သည့်လုပ်ငန်းကိုဆောင်ရွက်သည်ဖြစ်စေ လူသာလျှင်ပဓာနဆိုသည့်အတိုင်း ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်လိုသည့်စိတ်ရှိရန်လိုကြောင်း။
  • အုပ်ချုပ်ရေးနှင့်ပတ်သက်၍ မိမိကိုယ်ကို ထိန်းသိမ်းသကဲ့သို့ လက်အောက်ငယ်သားများကိုလည်း ထိန်းသိမ်းကာ ရသင့်ရထိုက်သည့် အခွင့်အရေးများကို မှန်မှန်ကန်ကန်ဖြင့် ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း။
  • လက်အောက်၏ လိုအပ်ချက်ကို မိမိဖြေရှင်း၍ရသည့် နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းပေးနိုင်ရေး စဉ်းစားဆောင် ရွက်ကြရမည်ဖြစ်ကြောင်း။
  • တပ်မှူးများ တစ်ဦးတစ်ယောက်ချင်းစီ၏ ဦးဆောင်မှုနှင့် စွမ်းဆောင်မှုများ ကောင်းမွန်ပါက တပ်များ၏ အရည် အသွေးများမြင့်မားလာမည်ဖြစ်ပြီး တပ်မတော်တပ်ရပ်လုံးသည်လည်း စွမ်းရည်မြင့်မားလာစေမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့။

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် နည်းပြအရာရှိကြီးများ နှင့် သင်တန်းသားအရာရှိကြီးများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး စစ်ဦးစီး တက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ သင်တန်းသား အရာရှိကြီးများနှင့်အတူ နေ့လည်စာ အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရှိရပါသည်။ 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၃-၂၀၂၃)

 

  • ငယ်စဉ်ကတည်းကပင် တစ်ဦးချင်းစီအလိုက် မျှော်မှန်းချက်များရှိကြပြီး မိမိတို့၏ မျှော်မှန်းချက်များ မပျောက်ပျက်စေရေး စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ကြရမည်ဖြစ်။
  • တစ်ဆင့်မြင့် ရာထူးတာဝန်များကို ထမ်းဆောင်ရမည့်အချိန်တွင် လုပ်ဆောင်နိုင်မည့် အရာများ၊ လုပ်ဆောင်သင့်သည်များကို မှတ်စုရေးမှတ်ထားရှိတတ်သည့် အလေ့အကျင့်ကောင်းမွေးမြူရန်နှင့် အမှန်တကယ်တာဝန်ထမ်း‌ ဆောင်ရသည့်အချိန်တွင် မိမိမှတ်သားထားသည်များနှင့် ချိန်ထိုးသုံးသပ်လုပ်ဆောင်ပါက အခက်အခဲမရှိ တာဝန်ထမ်းဆောင် နိုင်မည်ဖြစ်။
  • မည်သည့်အလုပ်ကို ဆောင်ရွက်သည်ဖြစ်စေ လုပ်ဆောင်နိုင်သည့်အားတစ်ခုလိုပြီး ခေါင်းဆောင်မှုစွမ်းပကား၊ လုပ်နိုင်သည့်စွမ်းပကားများရှိရန်လို။
  • မိမိတို့တပ်ရှိ စစ်သည်များ လေ့ကျင့်သားပြည့်ဝလာစေရန် မှန်ကန်သည့် လေ့ကျင့်သင်ကြားမှုများကို ဆောင်ရွက်ပေးရန်လို။
  • ကွပ်ကဲကြပ်မတ်ရသည့် တပ်မှူးများအနေဖြင့်လည်း စစ်သည်တစ်ဦးချင်း၊ မိသားစုတစ်စုချင်း ရပိုင်ခွင့်များနှင့် ရသင့်ရထိုက်သည်များပြည့်ဝစွာ ရရှိစေရေး ကြပ်မတ်ဆောင်ရွက်ပေးရန်လို။
  • အသောက်အစားအပျော်အပါးမှတစ်ဆင့် မိမိကိုယ်တိုင်နှင့် မိမိဦးဆောင်ရသည့်တပ်၏ စွမ်းရည်ကိုထိခိုက်နိုင်သဖြင့် မိမိကိုယ်တိုင်နှင့် လက်အောက်ရှိ အရာရှိ၊ စစ်သည်များ၏ အသောက်အစား အပျော်အပါးလိုက်စားမှုများကို တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်ရန်လို။
  • မည်သည့်လုပ်ငန်းကိုဆောင်ရွက်သည်ဖြစ်စေ လူသာလျှင်ပဓာနဆိုသည့်အတိုင်း ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်လိုသည့်စိတ်ရှိရန်လို။

Add new comment