တပေါင်းလပြည့်နေ့တွင် မြန်မာနိုင်ငံအနှံ့မြို့ကြီးများရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား

     ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်တွင် တစ်ရက်အပါအဝင်ဖြစ်သည့် တပေါင်း လပြည့်နေ့(မတ်လ ၅ ရက်)တွင် မြန်မာနိုင်ငံအနှံ့မြို့ကြီးများရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ ဥပုသ်သီလစောင့်ထိန်းကြသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းကြသူများဖြင့် စည်ကားခဲ့ရာ-

  • ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့် အခြားတန်ခိုးကြီးဘုရားစေတီများ၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီးနှင့် အခြားတန်ခိုးကြီးဘုရားစေတီများ၊ ပြင်ဦးလွင် မြို့ရှိ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဆုတောင်းပြည့်မဟာရွှေသိမ်တော်တန်ခိုးကြီးဘုရား၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီး ရိုးစေတီတော်မြတ်ကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ ရှင်ကိုးရှင်ဘုရားများနှင့် အထင်ကရဘုရားများ၌ ဆွမ်း၊ ဆီမီး၊ ရေချမ်းကပ်လှူခြင်း၊ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ရွှေကြာသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန် စိမ်း လောင်းလှူခြင်းတို့ ဆောင်ရွက်ခဲ့။

        အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီများ၌လည်း ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သမန်အင်းနှင့်ဦးပိန်တံတား၊ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပလင်းကမ်းသာယာဆင်စခန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ဆယ်အိမ်တန်းကမ်းခြေသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေအနားယူကြသူများဖြင့် စည်းကားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၃-၂၀၂၃)

 

  • တပေါင်းလပြည့်နေ့တွင် မြန်မာနိုင်ငံအနှံ့မြို့ကြီးများရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ဘုရားဖူးလာပြည်သူများက ဆွမ်း၊ ဆီမီး၊ ရေချမ်းကပ်လှူခြင်း၊ အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ရွှေကြာသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းတို့ဖြင့် စည်ကားခဲ့။
  • ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပလင်းကမ်းသာယာဆင်စခန်း၊ ဆယ်အိမ်တန်းကမ်းခြေသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေအနားယူကြသူများဖြင့် စည်ကားခဲ့။

 

Add new comment