(၇၄) နှစ်မြောက်ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကျင်းပ

    (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို မတ်လ ၆ ရက်တွင် တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ) ကွင်း၌ ကျင်းပခဲ့ပါသည်။

        အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက-

  • ပအိုဝ်းအမျိုးသားနေ့ကို နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိရာ ယနေ့အထိ (၇၄) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း။
  • ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လူမှုဘဝဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်  ဆောင်ရွက်လျက်ရှိရာ ပအိုဝ်းတိုင်းရင်းသား ဒေသခံများအနေဖြင့် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးမှုရလဒ်   အသီးအပွင့်များကိုခံစားနေသည်ကိုလည်း  ဝမ်းမြောက်ဝမ်းသာစွာဖြင့် တွေ့မြင်နေရပြီဖြစ်ကြောင်း။
  • တိုင်းရင်းသားအားလုံး၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာဓလေ့ထုံးစံများကို တိုင်းရင်းသားပြည်သူအ ပေါင်းက ဆက်လက်ထိန်းသိမ်းကာကွယ်စောင့် ရှောက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့။

     ဦးအောင်ခမ်းထီထံမှ ပေးပို့သောသဝဏ်လွှာကို ပအိုဝ်းစာပေယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌကဖတ်ကြားပြီး ရှမ်းပြည် နယ်အစိုးရအဖွဲ့မှ (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ပွဲတော်အတွက် လှူဒါန်းငွေကျပ်သိန်း ၁၀၀ ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် က အခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌထံပေးအပ်လှူဒါန်းခဲ့ပါသည်။

   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပွဲတော်သို့တက်ရောက်လာကြသော ပအိုဝ်းတိုင်းရင်းသား၊ တိုင်းရင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပါသည်။

      အလားတူ (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားများကို မတ်လ ၆ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့နယ်နှင့် မွန်ပြည်နယ် သထုံမြို့နယ်တို့တွင်လည်း ကျင်းပခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၃-၂၀၂၃)

 

  • (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ) ကွင်း၌ ကျင်းပခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ်သိန်း ၁၀၀ ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌထံပေးအပ်လှူဒါန်းခဲ့။

Add new comment