တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) သည် ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်

      ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသော တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေး မှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် မတ်လ ၂ ရက်မှ ၅ ရက်ထိ ဂွမြို့နှင့် သံတွဲမြို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၃,၀၆၈ ဦးအား  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

       ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၇၄၀ ဦး၊ ခွဲစိတ်ရောဂါ ၁၅၀ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၃၃ ဦး၊ ကလေးရောဂါ ၁၅၈ ဦး၊ အရိုးရောဂါ ၆၉၂ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၂၈၇ ဦး၊ မျက်စိရောဂါ ၇၁၀ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၁၉၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများအပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၂၅ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၃၀ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၁၀ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၁၅၆ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၀၅ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

     ထို့အပြင် မျက်စိခွဲစိတ်လူနာ ၃၆ ဦးအနက် ၁၂ ဦးအား ဆေးရုံရေယာဉ်ပေါ်၌ ကျန်းမာရေးစောက်ရှောက်မှုများ ဆောင်ရွက်ခဲ့ပြီး စားသောက်ဖွယ်ရာများနှင့် မျက်စိအထောက်အကူပြုပစ္စည်းများပေးအပ်ကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့  တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၃-၂၀၂၃)

 

  • တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် မတ်လ ၂ ရက်တွင် ဂွမြို့နှင့် ၅ ရက်ထိ ဂွမြို့နှင့် သံတွဲမြို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည် သူ ၃,၀၆၈ ဦးအား  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင် ရွက်ပေးနိုင်ခဲ့။

 

Add new comment