နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၄ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဆရာတော်၊ သံဃာတော်များ၊ ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ဘာသာရေးခေါင်ဆောင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့ (၁၄) ခုတို့မှ တာဝန်ရှိသူများအားတွေ့ဆုံ၍ မြို့တော်ခန်းမ၌ ကျင်းပသည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် အဖွဲ့ဝင်များသည်-
- မြစ်ကြီးနားမြို့ သံဃနာယဥက္ကဋ္ဌဆရာတော်နှင့် ပင့်သံဃာများအား လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံံ၍ လက်ဆောင်ခြင်းနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့။
- တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ (၁၄) ခုတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တစ်ဖွဲ့လျှင် ထောက်ပံ့ငွေကျပ် ၃ သိန်းစီနှင့် အမှတ်တရလက်ဆောင်များကို အသီးသီးပေးအပ်ခဲ့။
ထို့နောက် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်၍ မိမိတို့အနေဖြင့် တိုင်းရင်းသားများအရေးကိစ္စကို ပြည့်ပြည့်ဝဝဖြည့်ဆည်းပေးနိုင်ရေး တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားရေးရာဝန်ကြီးများကို လုပ်ပိုင်ခွင့်တာဝန်များကို ခွဲဝေအပ်နှင်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့်လည်း မိမိတို့ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုများကို ထိန်းသိမ်းနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်သွားရန်လိုပါကြောင်းဖြင့် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၃-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် အဖွဲ့ဝင်များသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဆရာတော်၊ သံဃာတော်များ၊ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ဘာသာရေးခေါင်ဆောင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ (၁၄) ခုတို့မှ တာဝန်ရှိသူများအား တွေ့ဆုံ၍ မြို့တော်ခန်းမ၌ ကျင်းပသည့် လူထုတွေ့ ဆုံပွဲသို့ တက်ရောက်ခဲ့။
Add new comment