ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ညီလာခံနှင့်ပြပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

         ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် Guwahati မြို့၌ မတ်လ ၃ ရက်တွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာညီလာခံနှင့် ပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက-

  • ယနေ့ညီလာခံတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ တိုင်းရင်းဆေးနယ်ပယ်မှ တိုင်းရင်းဆေးပညာရှင်များ၊ ဆေးဝါးကွပ်ကဲရေးအဖွဲ့များမှ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား တိုင်းရင်းဆေးနှင့်ပတ်သက်၍ ဘက်စုံ၊ ကဏ္ဍစုံမှ စဉ်းစားသုံးသပ်မှုများလုပ်ဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ အထူးသဖြင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ တိုင်းရင်းဆေးကဏ္ဍ စီးပွားဆက်ဆံမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ တိုင်းရင်းဆေးသုတေသနများ ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရေး၊ တိုင်းရင်းဆေးများ၏ အရည်အသွေး၊ လုံခြုံစိတ်ချရမှုနှင့် အစွမ်းထက်မှုများ မြှင့်တင်နိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့။

       အဆိုပါ ညီလာခံနှင့်ပြပွဲသို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ အဖွဲ့ဝင် နိုင်ငံရှစ်နိုင်ငံ၊ လေ့လာသူနိုင်ငံ သုံးနိုင်ငံနှင့်  မိတ်ဖက်နိုင်ငံ ၁၃ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးပညာရှင်များ၊ ဆေးဝါးကွပ်ကဲရေးအဖွဲ့များမှ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၃-၂၀၂၃)

 

  • ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ညီ လာခံတွင် အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ တိုင်း ရင်းဆေးနယ်ပယ်မှ တိုင်းရင်းဆေးပညာရှင်များ၊ ဆေးဝါးကွပ်ကဲရေးအဖွဲ့များမှ ပညာရှင်များနှင့် စီးပွား ရေးလုပ်ငန်းရှင်များအကြား တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ တိုင်းရင်းဆေးကဏ္ဍ စီးပွားဆက်ဆံမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ တိုင်းရင်းဆေးသုတေသနများ ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရေး၊ တိုင်းရင်းဆေးများ၏ အရည်အသွေး၊ လုံခြုံစိတ်ချရမှုနှင့် အစွမ်းထက်မှုများ မြှင့်တင်နိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်း အကောင် အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့။

 

Add new comment